ပုသိမ် ဩဂုတ် ၃၀
လူငယ်များဗလငါးတန်ပြည့်စုံ၍ ထူးချွန်ထက်မြက်သည့်လူငယ်များ ဖြစ်လာစေရန်၊ လူအများနှင့် ဆွေးနွေးပြောဆိုမှု ပြုတတ်စေရန်အတွက် ပုသိမ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၁၀)အခြေခံပညာ အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်း တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်သိန်းသိန်းဝင်းက အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုသိမ်ခရိုင်လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းရှိန်က လူငယ်စကားဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပုသိမ်ခရိုင် ဦးစီးအရာရှိ ဒေါ်ချိုမာထွန်းဦးဆောင်၍ ကျောင်းသား/သူ(၄)ဦးတို့က လူငယ်နှင့် ယဉ်ကျေးမှု၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်စာပေစသည့် အကြောင်းအရာ များအား ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား/သူများက အပြန်အလှန်ဝိုင်း ဝန်းဆွေးနွေးခဲ့ကြသည်။
လူငယ်စကားဝိုင်းများကျင်းပပေးခြင်းဖြင့် အနာဂတ်မျိုးဆက်သစ်လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုး တက်စေရန်၊ စကားပြောစွမ်းရည်ပြည့်ဝပြီး လူအများရှေ့တွင် ရဲဝံ့စွာပြောဆိုတတ်စေရန်နှင့် လူငယ် အချင်းချင်းရင်းနှီးခင်မင်ပူးပေါင်း ဆောင်ရွက်နိုင်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
မြင့်ဟန် (ပြန်/ဆက်)