အမြို့မြို့အနယ်နယ်သတင်းများ

Feb 25,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း စိမ်းလန်းစိုပြည်ရေး သစ်တောဦးစီးဌာနမှ ပျိုးပင်မျိုးစုံ ပျိုးထောင်ထားရှိကြောင်းနှင့် ပျိုးထောင်ထားရှိသော ပျိုးပင်များအား ရပ်ကွက်၊ ကျေးရွာများ၊ ဌာနဆိုင်ရာရုံးများနှင့် သာသနာ့နယ်မြေများအတွင်းစိုက်ပျိုးရန် အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Feb 25,2024
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဖေဖော်ဝါရီ ၂၂ ရက် နံနက်  ၉ နာရီက မြို့နယ်သမဝါယမဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်မှ ကိုယ်စားလှယ်များ၊ မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင်အဖွဲ့များ၊ အခြေခံသမဝါယမအသင်းများမှ ကိုယ်စားလှယ်များနှင့် မြို့နယ်သမဝါယမဦးစီးဌာနဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
Feb 25,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့တွင် ပြည်သူ့စစ်မှုထမ်းဉပဒေနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခန့်က အမှတ်(၃)ရပ်ကွက်ရှိ လားဟူခရစ်ယာန်ဘုရားကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 25,2024
(၇၇)နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ယနေ့နံနက် ၈ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ ရှေ့ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ်၊ သယံဇာ တရေးရာဝန်ကြီးဦးခင်မောင်မြင့်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးနိုင်မင်းနိုင်တို့က (၇၇)နှစ်မြောက် မွန်အမျိုးသားနေ့အထိမ်းအမှတ် မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာသော ဧည့်သည်တော်များအား မွန်ရိုးရာတပင်တိုင်အကဖြင့် ကပြဖျော်ဖြေတင်ဆက်သည်။
Feb 25,2024
မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ ဝန်ထမ်းများအချင်းချင်း ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်တတ်စေရန်၊ တစ်ဦးနှစ်တစ်ဦး အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုနှင့် ပျော်ရွှင်မှုရရှိစေရန်ရည်ရွယ်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသည့် ဌာနပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်ရှိ ဦးဥတ္တမပန်းခြံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
Feb 25,2024
လားရှိုးမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ယမန်နေ့က စုပေါင်းထမင်းနဲထိုးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 25,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့မဈေးကြီး၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ဖေဖော်ဝါရီ ၂၄ ရက်က ဆောင်ရွက်သည်။
Feb 25,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းမှ နိုင်ငံတော်အစိုးရ ဓမ္မာစရိယစာမေးပွဲနှင့် ပါဋ္ဌိပထမပြန်စာမေးပွဲများတွင် အောင်မြင်တော်မူသော သံဃာ၊ သီလရှင် ၁၂၁ ပါးတို့အား ဘွဲ့လက်မှတ်ဆက်ကပ်ခြင်း၊ စာအောင်ဆုငွေများ ဆက်ကပ်ပူဇော်သည့် (၄၃)ကြိမ်မြောက် မဟာ/စူဠဘွဲ့နှင်းသဘင်မင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီးတွင် ကျင်းပခဲ့သည်။