ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ တလုပ်လှငါးလုပ်ငန်းစခန်းတွင်ဖွင့်လှစ်သည့် ငါးဆေးထိုးသားဖောက်ခြင်းသင်တန်း (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေး

မအူပင် ဩဂုတ် ၃၀

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် မအူပင်မြို့နယ် တလုပ်လှအရှေ့ ကျေးရွာအုပ်စုရှိ တလုပ်လှငါးလုပ်ငန်းစခန်းတွင် ဖွင့်လှစ်သည့် ငါးဆေးထိုးသားဖောက်ခြင်းသင်တန်း (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားသို့ ယမန်နေ့နံနက် (၁၀) နာရီက တက်ရောက်အားပေးခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် ပြည်တွင်းစားသုံးမှုဖူလုံရေးသည် အရေးကြီးသောအချက်ဖြစ်ကြောင်း၊ တစ်ပိုင်တစ်နိုင်ငါးအစာနှင့် တိရိစ္ဆန်အစားအစာများ ထုတ်လုပ်နိုင်ရန်ကြိုးစားကြစေလိုကြောင်းနှင့် စား၊ ရေ၊ ရိက္ခာဖူလုံစေရေးအတွက် ငါး/ပုစွန်များ စွမ်းအားပြည့်မွေးမြူနိုင်ရန်သင်တန်းသားများမှလည်း ကြိုးစားသင်ယူစေလိုကြောင်း အဖွင့်အမှာစကားပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမြသိန်းမှလုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ မအူပင်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနီနီဦးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ခရိုင်နှင့်မြို့နယ် ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌများနှင့် ငါးမွေးမြူရေးလုပ်ငန်းရှင်များမှ လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များအား လမ်းညွှန်မှာကြား‌ဆွေးနွေးခဲ့သည်။ ၎င်းနောက် ဝန်ကြီးချုပ်နှင့် သင်တန်းသား/သင်တန်းသူများသည် ငါးဆေးထိုးသားဖောက်ခြင်းသင်တန်းတွင် သင်ကြားမည့်သင်ထောက်ကူပစ္စည်းများ၊ ငါးသားပေါက်ကန်များအား လှည့်လည်ကြည့်ရှု့ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြသည်။

အဆိုပါငါးဆေးထိုးသားဖောက်ခြင်းသင်တန်းအား မအူပင်တက္ကသိုလ်သတ္တဗေဒဌာနမှ ဒုတိယနှစ်ကျောင်းသား/ကျောင်းသူ (၃၅) ဦး သင်တန်းတက်ရောက်ခဲ့ကြရာ သင်တန်းကာလမှာ (၂) ရက်တာကာလဖြစ်ပြီး စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ၎င်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၆)ရပ်ကွက် အနောက်ပေါ်တော်မူဘုန်းတော်ကြီးကျောင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကဒ်ပြားဆောင်ရွက်ပေးနေမှုများအားလည်းကောင်း၊ အမှတ်(၈)ရပ်ကွက်ရှိ ORO WORLD CO,LTD မှ စိုက်ပျိုးထားသည့် ဆင်းသုခမျိုးစေ့ထုတ်စိုက်ကွင်းအားလည်းကောင်း၊ ကျုံစုတ်ကျေးရွာအုပ်စုရှိ တောင်သူဦးအောင်သူရိန်ဝင်း စိုက်ပျိုးထားသည့် GW11 စပါးရိတ်သိမ်းခြွေလှေ့နေမှုများအားလည်းကောင်း ကြည့်ရှုအားပေးခဲ့ပြီး မအူပင်မြို့ဘိုးဘွားရိပ်သာသို့သွားရောက်၍ အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။     

မအူပင်ခရိုင် (ပြန်/ဆက်)