အမာ ဖေဖော်ဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ (၄) ရပ်ကွက်ရှိ သာသနဝေပုလ္လကာရီ တောရကျောင်းတိုက်တွင် ပထမအကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျောင်းဝင်းအတွင်းရှိ ပဌာန်းမဏ္ဍပ်တွင် ယနေ့နံနက် (၉) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကျင်းပရာတွင် အမာမြို့နယ်အတွင်းရှိ သံဃာတော်ကြီးများ၊ ဧည့်သည်သံဃာတော်များ၊ မြို့မိမြို့ဖများ၊ တက်ရောက်ပြီး ပဌာန်းကျမ်းများကို သာသနဝေပုလ္လကာရီ တောရကျောင်းတိုက်မှ ကျောင်းဝင်းအတွင်းရှိ ပဌာန်းမဏ္ဍပ်သို့ပင့်ဆောင်ပြီး ဖွင့်ပွဲအခမ်းအနားကျင်းပရာ အခမ်းအနားကို နမောတသသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး သီတာရာမမြို့ဦးကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော်ဦးဝိစာရထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်းနှင့် ဩဝါဒခံယူခဲ့ပြီး အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပြီးနောက် ဆရာတော်၊ သံဃာတော်များမှ ပဌာန်းကျမ်းတော်များကို စတင်ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
အဆိုပါ သာသနဝေပုလ္လကာရီ တောရကျောင်းတိုက်၏ ပထမအကြိမ်မြောက် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို (၅) ရက် (၅) ညတိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အမာ (ပြန်/ဆက်)