ဟုမ္မလင်း ဖေဖော်ဝါရီလ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတွင် အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် ကျန်းမာရေးပညာပေးနည်းလမ်းများကို စနစ်တကျကျွမ်းကျင်စွာအသုံးပြုနိုင်ရေး သင်တန်းကိုဖေဖော်ဝါရီလ (၂၆) ရက်နံနက် (၉) နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနရုံးတွင် သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်လှလှခင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဟုမ္မလင်းခုတင် (၁၀၀) ဆံဆေးရုံအုပ်ဒေါက်တာ ရန်နိုင်ဆွေက ဦးဆောင်၍ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် အခြေခံကျန်းမာရေးသဘောတရားများ ပတ်သက်၍ အကျယ်တဝန်း Power Poin ဖြင့် ပြသသင်ကြားပို့ချခဲ့ကြောင်းသိရသည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် ကျန်းမာရေးပညာပေးနည်းလမ်းကို စနစ်တကျကျွမ်းကျင်စွာအသုံးပြုနိုင်ရေးသင်တန်းကို သင်တန်းဆရာ/ဆရာမများက စာတွေ့/လက်တွေ့ဖြင့် အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် စနစ်တကျကျွမ်းကျင်အောင် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ အခြေခံကျန်းမာရေး သင်တန်းသား၊ သင်တန်းသူ (၈၀) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီလ (၂၆) ရက်မှ (၂၈) ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)