မော်လိုက် ဖေဖော်ဝါရီ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်အဂတိလိုက်စားမှုတား ဆီးကာကွယ်ရေးအဖွဲ့၏ အသိပညာပေးဆွေးနွေးဟောပြောပွဲကို ယနေ့မွန်းလွဲ (၂) နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဆွေးနွေးဟောပြောပွဲတွင် ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်သိန်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အဖွဲ့ဝင်ခရိုင်တရားသူကြီး ဦးလွှမ်းမိုးအောင်က အဂတိလိုက်စားမှုကို တရားသဘောနှင့်နှိုင်းယှဉ်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဝင်းက ဒေါက်တာကျော်ဝင်း (ရန်ကုန်တက္ကသိုလ်) ၏ မင်းတုန်းမင်းနှင့် အဂတိလိုက်စားမှုတိုက် ဖျက်ရေးဉပဒေဆောင်းပါးကို ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ ဆွေးနွေးဟောပြောပွဲသို့ ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး လစဉ်ပြုလုပ်လျက် ရှိကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)