ပူတာအို ဖေဖော်ဝါရီ ၂၆
ကချင်ပြည်နယ်၊ပူတာအိုမြို့နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း၏ ၂၀၂၃ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးနှင့် ၂၀၂၄-၂၀၂၇ သက်တမ်းအတွက် အလုပ်အမှုဆောင်ကော်မတီရွှေးချယ်တင်မြှောက်ခြင်းကို ဖေဖော်ဝါရီ (၂၅) ရက် နံနက် (၁၀) နာရီက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ရဝမ်အမျိုးသားဉယျာဉ် ခရန်ခူးခန်းမ၌ အစီအစဉ်နှစ်ရပ်ဖြင့်ကျင်းပသည်။
အစီအစဉ် ပထမပိုင်း နှစ်ပတ်လည်အစည်းအဝေးတွင် သဘာပတိအဖြစ် မြို့နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်းနာယက ဦးချန်းဖေရမ်၊ ဉက္ကဋ္ဌဦးမဖန်းဆင်ဆုန်း၊အဖွဲ့ဝင် ဦးဒခွမ်ဇိန်တို့ကဆောင်ရွက်ပြီး အဖွဲ့ဝင်ဦးဒခွမ်ဇိန်က ကြိုဆိုနူတ်ခွန်းဆက်စကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း အတွင်းရေးမှူး ဦးခန်ထီးခင်တန်က မြို့နယ် ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း၏ ၂၀၂၃ ခုနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှုအစီရင်ခံစာကိုဖတ်ကြားပြီး အစည်းအဝေးတက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာကိုယ်စားလှယ်များက အသင်း၏ရှေ့လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ အကြံပြုမေးမြန်းဆွေးနွေးကြရာ အကြံပြုမေးမြန်းဆွေးနွေးချက်များအပေါ် မြို့နယ်ရဝမ်စာ ပေနှင့်ယဉ်ကျေးမှုအသင်းဉက္ကဋ္ဌ ဦးမဖန်းဆင်ဆုန်းက ပြန်လည်ရှင်းလင်းဖြေကြားသည်။
အစီအစဉ် ဒုတိယပိုင်း ရွေးကောက်တင်မြှောက်ပွဲတွင် ကော်မရှင်အဖြစ် ဒူဝါတန်ရှင်ရဲရမ်၊ ဒူဝါဆရဲမနမ်းနှင့် ဦးဆာရ်ဝမ်ပီတာတို့က ဆောင်ရွက်ခဲ့ပြီး ကော်မရှင်အဖွဲ့ခေါင်းဆောင် ဒူဝါတန်ရှင်ရဲရမ်ကရွှေး ကောက်တင်မြှောက်ခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာကိုယ်စားလှယ်များက ရွေးကောက်ပွဲဆိုင်ရာစည်းမျဉ်းစည်းကမ်းများနှင့်အညီ လျှို့ဝှက်ဆန္ဒမဲပေးကာ ၂၀၂၄-၂၀၂၇သက်တမ်းအတွက် အလုပ်အမှုဆောင်ကော်မတီများအား ရွေးချယ်တင်မြှောက်ခဲ့ကြပြီး ကော်မရှင်အဖွဲ့ခေါင်းဆောင် ဒူဝါတန်ရှင်ရဲရမ်က ၂၀၂၄- ၂၀၂၇သက်တမ်းအတွက် ရွေးချယ်တင်မြှောက်ခြင်းခံရသော ကော်မတီအဖွဲ့အား အတည်ပြုကြေငြာခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဖုန်ကန် (ပူတာအို)