ကျောက်ဆည် ဖေဖော်ဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ပညာရေးမှူးရုံး အစည်းအဝေး ခန်းမတွင် ယနေ့ နံနက် ၉ နာရီက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများအတွက် ကျောင်းသုံးဗလာစာအုပ်များ အခမဲ့ ထုတ်ဝေပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျောင်းသုံးဗလာစာအုပ်များ ထုတ်ဝေပေးရာတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ခဲ့သည့် ဇန်နဝါရီလကုန် ကျောင်းသား၊ကျောင်းသူ စာရင်းများအရ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် တက်ရောက်ပညာသင်ကြားမည့် ကျောင်းသား/ကျောင်းသူ ၄၂၄၂၈ ဦး လျာထားထုတ်ဝေပေးခြင်း ဖြစ်ကြောင်းနှင့် ကျောင်းသား/ကျောင်းသူတစ်ဦးလျှင် ဗလာစာအုပ် ၁ ဒါဇင် ထုတ်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်း (၁၃၀) ကျောင်း၊ မူလတန်း(လွန်)ကျောင်း (၂၅) ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) (၉) ကျောင်း၊ အလယ်တန်းကျောင်း (၂)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) (၉)ကျောင်း၊ အထက်တန်းကျောင်း(၁၁)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁၈) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၆) ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သက်မောင်(ကျောက်ဆည်)