မုံရွာမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် (Grade-5) နှင့် အခြေခံပညာအလယ်တန်းဆင့် (Grade-9) နှစ်ဆုံးစာမေးပွဲ (စတုတ္ထ)နေ့ ဖြေဆို

မုံရွာ ဖေဖော်ဝါရီ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ရှိ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် (Grade-5) နှင့် အခြေခံပညာအလယ်တန်းဆင့် (Grade-9) ပညာသင်ယူနေသည့် ကျောင်းသား/သူများ၏ နှစ်ဆုံးစာမေးပွဲကြီး (စတုတ္ထ) နေ့ကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် အေးချမ်းစွာဖြေဆိုနေမှုအားမြို့နယ်ပညာရေးမှူး ဦးညွန့်ဝင်း‌နှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၂၃-၂၀၂၄ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲ (စတုတ္ထ) နေ့တွင် မြို့နယ်ရှိအခြေခံပညာ မူလတန်းဆင့် (Grade-5) စာစစ်ဌာန (၂၁) ခုတွင် သိပ္ပံဘာသာရပ်ကို ကျောင်းသား/သူ (၁၂၀၄) ဦး ဝင်ရောက်ဖြေဆိုကြပြီး အခြေခံပညာအလယ်တန်းဆင့် (Grade-9) စာစစ်ဌာန (၁၄) ခုတွင် ပထဝီဝင်ဘာသာရပ်ကို ကျောင်းသား/သူ (၉၇၂) ဦးမှ ဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၅၅) ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၁၀) ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း () ကျောင်းမှ ကျောင်းသား/သူများ ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)