လဟယ်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်များ နှင့် မူကြိုကျောင်းက‌ေလးများအတွက်အာဟာရမုန့်နှင့်ထောက်ပံ့ပစ္စည်းများထောက်ပံ့လှူဒါန်း

လဟယ် ဖေဖော်ဝါရီ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင်နာဂဒေသမိခင်နှင့်ကလေစောင့်ရှောက်မှု ကြီးကြပ်‌ရေးအဖွဲ့ဉက္ကဋ္ဌ ဒေါ်စန်းစန်းမာနှင့်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက မိခင်နှင့် ကလေးစောင့်ရှောက်ရေးဌာရုံးနှင့် လဟယ်မြို့မူလတန်းကြိုကျောင်းသို့သွားရောက်၍ အာဟာရမုန့်ထုပ်များနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ထောက်ပံ့ပစ္စည်းများ‌ပေးအပ်ရာတွင် ကိုယ်ဝန်ဆောင်မိခင် (၂၀) ဦးအတွက်ကြက်ဉနှင့် အာဟာရမုန့်များ၊ အ၀တ်အထည်များကိုလည်းကောင်း၊ လဟယ်မြို့ မူလတန်း‌ကြိုကျောင်းမှ ကျောင်းသား/သူ (၁၅၀) ဦးအားထမင်း (၂) နပ်စာအတွက်ထောက်ပံ့ငွေနှင့် အာဟာရမုန့်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ပစ္စည်းများ သွားရောက်ထောက်ပံ့ရာတွင် နာဂဒေသမိခင်နှင့်ကလေးစောင့်ရှောက် မှုကြီးကြပ်‌ရေးအဖွဲ့ဉက္ကဋ္ဌ ဒေါ်စန်းစန်းမာနှင့်အဖွဲ့ဝင်များ၊ လဟယ်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဉက္ကဋ္ဌ ဒေါ်နွယ်နွယ်ထွန်း၊ အတွင်းရေးမှူးဒေါက်တာ ဆုဝေထွန်းနှင့်အဖွဲ့ဝင်များသွားရောက်ပြီး ထောက်ပံ့ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)