Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အေးသာယာစက်မှုဇုန်နှင့် ရှမ်းရိုးမ မွေးမြူရေးဇုန်သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Feb 27,2024
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက်(၈)နာရီခွဲက တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့သစ်၊ စက်မှုဇုန်ရှိ MSMEs အသေးစား၊ အလတ်စား၊ အငယ်စား ထုတ်ကုန်တစ်ခုဖြစ်သော ဒေသထွက်ကုန်ပစ္စည်းပြောင်းမှ စူပါဝင်းကြက်အစာ၊ ဝက်အစာထုတ်လုပ်နေသည့် စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ခံမှ ကြက်အစာစက်ရုံနှင့်ပတ်သက်၍ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကြက်အစာစပ်ရာတွင် အသုံးပြုမည့်ပစ္စည်းများနှင့် စက်ရုံအတွင်း လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇမ္ဗူသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲ ကျင်းပ
Feb 27,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အောင်ဇမ္ဗူရပ်ကွက်၊ လေသာဘုန်းကြီးကျောင်းတိုက် ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ ၅၅၁၃ ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူ
Feb 27,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ (၅၅၁၃)ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူမှုကို ယမန်နေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မြို့သစ်မြို့နယ် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံ
Feb 27,2024
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်းနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့နံနက်ပိုင်းက မြို့သစ်မြို့နယ်သို့ရောက်ရှိပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအဆင့် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ကြီးကြပ်မှုကော်မတီအဖွဲ့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန်
နွေစပါးမျိုးစေ့ထုတ် (RS-CS) စံပြကွက်တောင်သူများအား ပံ့ပိုးပစ္စည်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Feb 27,2024
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန်နှင့် မျိုးကောင်းမျိုးသန့် ပြန့်ပွားလာစေရန်အတွက် နွေစပါးမျိုးစေ့ထုတ် (RS-CS) စံပြကွက် တောင်သူများအား ပံ့ပိုးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခွဲက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်းရှိ သံဃာတော်များနှင့် သီလရှင်များအား တတိယအကြိမ် အသည်းရောင်အသားဝါ ဘီပိုး ကာကွယ်ဆေးထိုးနှံပေးနေမှုအား ကြည…
Feb 27,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများတွင် သီတင်းသုံးလျက်ရှိသည့် သံဃာတော်များနှင့် သီလရှင်များအား ကျန်းမာစွာဖြင့် သာသနာ့တာဝန်များကို ထမ်းဆောင်နိုင်ရန်ရည်မှန်း၍ တတိယအကြိမ် အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးထိုးနှံခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဥတ္တရသီရိမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများ အသိပညာပေး ရှင်းလင်း
Feb 27,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီး ပြည်တွင်းရေကြောင်းသွားရေယာဉ်များတွင် ကုန်တင်ဆောင်သည့် (SOPs) Manifest ပုံစံနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
Feb 27,2024
မန္တလေးတိုင်းဒေသကြီး ပြည်တွင်းရေကြောင်းသွား ရေယာဉ်များတွင် ကုန်တင်ဆောင်သည့် (SOPs) Manifest ပုံစံနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ချမ်းအေးသာစံမြို့နယ်၊ ကဉ္စနမဟီရပ်ကွက်၊ ၃၄×၇၈ လမ်းထောင့်၊ ရတနာပုံစူပါစင်တာ၊ စတုတ္ထထပ်ရှိ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းခန်းမတွင် ယမန်နေ့ နံနက် (၁၀) နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9598
Page
9599
Page
9600
Page
9601
Current page
9602
Page
9603
Page
9604
Page
9605
Page
9606
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department