ဒေးဒရဲ ဖေဖော်ဝါရီလ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက " လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက် (၃) အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက သံဒိဇီးဖြူကုန်းကျေးရွာအုပ်စု၊ အကယ်ချောင်းဝကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံနှင့် ပျဥ်ထောင်စုကျေးရွာအုပ်စုများသို့ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်းသည်။
ထိုသို့ ပန်းခင်းစီမံချက် (၃) အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒေးဒရဲမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးနိုင်ဦးလှိုင် ကြီးကြပ်မှုဖြင့် မြို့နယ်တိုက်နယ်မှူးများ၊ လက်ထောက်လဝကမှူးများနှင့် ဝန်ထမ်းများ သံဒိဇီးဖြူကုန်းကျေးရွာအုပ်စုနှင့် ပျဥ်ထောင်စုကျေးရွာအုပ်စုသို့ကွင်းဆင်း၍ မြေပြင်အရောက်လူကျန်စာရင်း အကွက်အပေါက်များကောက်ယူခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ ပြည်သူများ၊ အသက် (၁၀) နှစ်ပြည့်ပြီးသူနှင့် အသက် (၁၈) နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး၊ မြို့နယ်အတွင်းရှိရပ်ကွက်၊ ကျေးရွာများအား သက်ဆိုင်ရာ တိုက်နယ်မှူးများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒေးဒရဲမြို့နယ်ဦးစီးမှူးရုံးက သိရသည်။
အေဇာလင်း