ကော့သောင်း ဖေဖော်ဝါရီ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော(၂၂)ကြိမ်မြောက် ကော့သောင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိစာပြန်စာမေးပွဲဖွင့်ပွဲကို ယမန်နေ့ တပို့တွဲလပြည့်ကျော်(၁)ရက်နေ့က ပြည်တော်အေးသာသနာ့ဗိမာန်တော်တွင်ကျင်းပ၍ ကော့သောင်းမြို့အတွင်းရှိ စာသင်တိုက်အသီးသီးမှ ဥပစာရတန်းရှင်သာမဏေ (၈၆)ပါးက (ခုနှစ်နေ့ဘုရားရှိခိုး၊ ရှင်ကျင့်ဝတ်၊ ပရိတ်ကြီး) ဘာသာရပ်များကို အာဂုံပြန်ဆိုခဲ့ကြသည်။
ယနေ့မွန်းလွဲပိုင်းတွင် (၂၂)ကြိမ်မြောက် ကော့သောင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာ နုဂ္ဂဟစာပြန်စာမေးပွဲကြီး ဝိနည်းကျင့်ဝတ်ဘာသာရပ်အား ကော့သောင်းမြို့နယ် သံဃာ့နာယကဆရာတော်များ၊ စာပြန်စာမေးပွဲကြီးကြပ်ဆရာတော်များ၊ စာချ၊ စာမဆရာတော်များ ၏ ကြီးကြပ်မှုဖြင့် ကော့သောင်းမြို့အတွင်း စာသင်တိုက်အသီးသီးမှ အခြေပြုမူလတန်းရှင်သာမဏေ(၂၅)ပါး၊ ပထမငယ်တန်း ရှင်သာ မဏေ(၁၉)ပါး၊ သီလရှင်(၁)ပါး၊ ပထမလတ်တန်း ရှင်သာမဏေ (၁၆)ပါး၊ ပထမကြီးတန်းရှင်သာမဏေ(၅)ပါးတို့က ရေးဖြေ ဖြေဆိုလျက်ရှိကြကြောင်းနှင့် ကစ္စည်းသဒ္ဒါဘာသာရပ်နှင့် အဘိဓမ္မတ္ထသင်္ဂဟဘာသာရပ်များအား တပို့တွဲလပြည့်ကျော်(၃)ရက်နှင့် (၄)ရက်နေ့တို့တွင် ဆက်လက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)