ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၏ တပေါင်းလဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိ့နှိုင်းအစည်းအဝေးကျင်းပ

ဇလွန် ဖေဖော်ဝါရီ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့တွင် ကိန်းဝပ်စံပယ်တော်မူသော မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာဘုရားကြီးသည် သက်တော်ထင်ရှား မြတ်စွာဘုရားကိုယ်တိုင် ရင်ငွေ့တော်ပေးအပ်ခဲ့သည့် သမိုင်းဝင်တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်သည်နှင့်အညီ ဘုရားကြီး၏ တပေါင်းလဗုဒ္ဓပူဇနိယပွဲတော်အား (၁၈-၃-၂၀၂၄ မှ ၂၅-၃-၂၀၂၄) ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိ့နှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရိတွင် မဟာအတုလဝေယံသာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို ``နမောတဿ " သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၏ တပေါင်းလဗုဒ္ဓပူဇနိယပွဲတော်ကို လုပ်ငန်းကော်မတီများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် လုပ်ငန်းကော်မတီများက အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက လုပ်ငန်းကော်မတီများ၏ဆွေးနွေးတင်ပြမှုများအပေါ် ပေါင်းစပ်ညှိ့နှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဇလွန်မြို့မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၏ တပေါင်းလဗုဒ္ဓပူဇနိယပွဲတော်အား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ လမ်းညွှန်မှု၊ ဇလွန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုတို့ဖြင့် တပေါင်းလဆန်း ( ၉ )ရက်နေ့မှ တပေါင်းလပြည့်ကျော် (၁) ရက်နေ့ ( ၁၈. ၃.၂၀၂၄) မှ (၂၅. ၃.၂၀၂၄) ရက်နေ့အထိ (၈) ရက်တိုင်တိုင် စည်ကားသိုက်မြိုက် အေးချမ်းသာယာစွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံ

ဇလွန် (ပြန်/ဆက်)