ဒေါပုံ ဖေဖော်ဝါရီ ၂၆
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန ( Community Centre) တွင် ပြည်သူများ စာပေဖတ်ရှုလိုစိတ် မြင့်မားလာစေရန်နှင့် စာပေဆွေးနွေးတတ်သည့် အလေ့အထများ ဖော်ဆောင်နိုင်စေရန် ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများ ပူးပေါင်းကာ ယနေ့နံနက် (၁၀) နာရီအချိန်က စာဖတ်ဝိုင်းကို ကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒေါပုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ချစ်စုဝေက စာဖတ်ဝိုင်းများ ကျင်းပဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူ ဒေါ်ဇင်ဇင်မော်က စာရေးဆရာ ကောင်းသာ ရေးသားသော ချိုးဖြတ်မရတဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှု စာအုပ်ဖြင့် လူတစ်ဦးချင်း ကိုယ်ရည်ကိုယ်သွေး ဖွံဖြိုးတိုးတက်စေရေး နည်းလမ်းများ၊ လူတစ်ယောက်တွင် ရှိသင့်ရှိထိုက်သည့် အရည်အချင်းများ၊ လူငယ်များတွင် မွေးမြူထားရမည့် အလေ့အကျင့်ကောင်းများ၊ ဘဝတွင် အောင်မြင်တိုးတက်ရေးအတွက် လုပ်ဆောင်သင့်သည့် အချက်များနှင့် ပတ်သက်၍ ဖတ်ကြားဆွေးနွေးခဲ့ပါသည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများက စာအုပ်ပါ အကြောင်းအရာများအပေါ် ရှုထောင့်အမျိုးမျိုးမှ သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)