သံဖြူဇရပ်၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

သံဖြူဇရပ် ဖေဖော်ဝါရီ ၂၆

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးဖြိုးဝေဝင်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သင်တန်းပို့ချရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးလွင်၊  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၊ မြို့နယ်သူနာပြုကြက်ခြေနီတပ်ဖွဲ့စသည့် ဌာနအသီးသီးတို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လုပ်ငန်းဆောင်ရွက်ချက်များ၊ ဘေးအန္တရာယ်စီမံခန်းခွဲမှုဆိုင်ရာဝေါဟာရများနှင့်သဘောတရားများ၊ ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေနှင့်ရာသီဥတုပြောင်းလဲမှု၏သက်ရောက်မှုများ၊  ထိခိုက်ခံရလွယ်မှု ထိတွေ့နိုင်ခြေနှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေတို့၏သက်ရောက်မှု၊ မြန်မာနိုင်ငံမိုးလေဝသနှင့်ဇလဗေဒဆိုင်ရာအန္တရာယ်များ၊ ဘေးအန္တရာယ်တုံ့ပြန်မှု၊ ဘေးအန္တရာယ်များနှင့်ရှာဖွေကယ်ဆယ်ရေး၊ ရှေးဦးပြုစုခြင်းစသည့် အကြောင်းအရာများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအသီးသီးမှ စေတနာ့ဝန်ထမ်းလူငယ် သင်တန်းသား(၃၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလကို ဖေဖေါ်ဝါရီ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ၃ ရက် နေ့စဥ်နံနက် ၉ နာရီမှ မွန်းလွဲ ၄ နာရီအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)