Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရွှေဘိုမြို့၌ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး
Sep 05,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဝန်ထမ်းများ ဒေသခံပြည်သူများ နေ့စဥ် နေထိုင်စားသောက်ရေး အထောက်အကူဖြစ်စေရန် အခြေခံစားသောက်ကုန်များအား သက်သာ သော ဈေးနှုန်းဖြင့် စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၈ နာရီက အမှတ် (၃)ရပ်ကွက်တွင် ရောင်းချ ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် နိုင်ငံတကာစာတက်မြောက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် စာအုပ်ပြပွဲကျင်းပ
Sep 05,2023
စက်တင်ဘာလ(၈)ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာစာတက်မြောက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် စာအုပ်ပြပွဲကို မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နေ့လယ်(၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့၌ ဇီဝဆိုင်ရာအချက်အလက် (Biometric) များကောက်ယူ
Sep 05,2023
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ကျောင်းသား/သူများအား ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biographic) များ ကောက်ယူခြင်းကို ယမန်နေ့က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ်တွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် စကားပုံဆက်ပြိုင်ပွဲ ကျင်းပ
Sep 05,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့မအခြေခံပညာအလယ်တန်းကျောင်းတို့ ပူးပေါင်း၍ စက်တင်ဘာလ(၈)ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် စကားပုံဆက်ပြိုင်ပွဲကို ယနေ့နံနက်(၉:၃၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ်၌ မိုးစပါးလျာထားပြည့်မီအောင် စိုက်ပျိုးပြီး
Sep 05,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုးစပါးလျာထား ဧကပြည့်မီအောင် ဆောင်ရွက်လျက်ရှိရာ လျာထားဧက ၁၁၀၇၅ စိုက်ပျိုးပြီးသွားပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 05,2023
မွန်ပြည်နယ် မော်လမြိုင်မြို့နယ် အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ပြင်ပအသိပညာ ဗဟုသုတများ ပိုမိုရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လည်ပိုင်းက အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန် ပြည်ထောင်စုရန်ပုံငွေဖြင့် အရှည်ပေ ၆၀ သံကူကွန်ကရစ်တံတား တည်ဆောက်နေမှုအား အချိန်မီပြီးစီ…
Sep 05,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် လမ်းပန်းဆက်သွယ်သွားလာရေး ကောင်းမွန်စေရန်ရည်ရွယ်၍ ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ် လယ်ကိုင်း-ရွှေလှေ-ထနောင်းကုန်း ကျေးရွာချင်းဆက်လမ်းတွင် အရှည်ပေ ၆၀ သံကူကွန်ကရစ်တံတားတစ်စင်း အကောင်အထည်ဖော်တည်ဆောက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက မင်းဘူးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက လာရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုတက္ကသိုလ်၌ လူငယ်သီတင်းပတ် (Youth Week) အဖြစ် ဗလငါးတန်ဖွံ့ဖြိုးရေးလှုပ်ရှားမှုများ ဖွင့်ပွဲအခမ်းအနားကျင်းပ
Sep 05,2023
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုတက္ကသိုလ်၌ လူငယ်သီတင်းပတ် (Youth Week) အဖြစ် သတ်မှတ်၍ လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဗလ ဘက်စုံဖွံဖြိုးရေးအတွက် ရည်ရွယ်ပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်လှုပ်ရှားမှုများ ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ရတနာ သိင်္ဃခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9586
Page
9587
Page
9588
Page
9589
Current page
9590
Page
9591
Page
9592
Page
9593
Page
9594
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department