အမြို့မြို့အနယ်နယ်သတင်းများ

Sep 05,2023
ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ဌာနဆိုင်ရာများပါဝင်သည့် ဒေသဖွံ့ဖြိုးရေးစစ်ကြောင်းကြီး (၅) ကြောင်းပူးပေါင်းအဖွဲ့သည် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ယမန်​နေ့က ​ဆောက်​ခြုံ​ကြီးအုပ်စု ပေါက်​မှော်ဓမ္မာရုံတွင် ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့ကြသည်။
Sep 05,2023
နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြိုနယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း(၁/၂၀၂၃)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်က ပုဗ္ဗသီရိမြို့နယ် မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။
Sep 05,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးသက်ပိုင်ထွန်းဦးဆောင်၍ ယမန်နေ့ နံနက်ပိုင်းက ကြာနီကန်ရပ်ကွက်၊ ပြည်-ရန်ကုန် လမ်း (အ.ထ.က) အထက်တန်းကျောင်းတွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြော သရုပ်ပြသခဲ့ကြောင်း သိရသည်။
Sep 05,2023
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမသုံးလပတ် ဧပြီ၊ မေ၊ ဇွန်လအတွက် အကျုံးဝင်သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် (၂)နှစ်အောက်ကလေးသူငယ်များအား လူမှုဝန်ထမ်းဦးစီးဌာနတွင် ယနေ့တွင် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိ​​ကြောင်းသိရသည်။
Sep 05,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးစမှ အသက် (၂) နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို နံနက် (၉) နာရီတွင် အဆိုပါဌာန၌ ဆေးထိုးဆေးတိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Sep 05,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အ.ထ.ကကျောင်း၌ ၂၀၂ဝ-၂၀၂၃ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည် အစည်းအ‌ဝေးနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၈) နာရီအချိန်က စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။
Sep 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် အမှတ် (၁၀) ရပ်ကွက်ရှိ အ.ထ.က (၅) ကျောင်းတွင် ယမန်နေ့ နံနက် ၁၀နာရီမှ ၁၂နာရီခွဲ အချိန်အထိ Grade-6၊ Grade-9 အတန်းမှ ကျောင်းသားကျောင်းသူများအား ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ သွားနှင့်ခံတွင်းကျန်းမာရေးအသိပညာပေးခေါင်းစဥ်ဖြင့် လည်းကောင်း၊ လူကုန်ကူးမှုမခံရစေရေး အသိပညာပေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Social Media သုံးစွဲမှုအကျိုး၊ အပြစ်များကို အသိပညာပေးခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။
Sep 05,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ မြို့သန့်ရှင်းသာယာလှပစေရေးအတွက်ရည်ရွယ်၍ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများစုပေါင်း၍ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးလုပ်ငန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၁) စည်ပင်သာယာဈေးအတွင်း ကွင်းဆင်းဆောင်ရွက်ကြသည်။