ပုလော ဖေဖော်ဝါရီ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ အခြေခံပညာကျောင်း၌ (Grade -5) နှင့် (Grade -9) တက်ရောက်နေသူ ကျောင်းသား/သူများ၏ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် အရည်အချင်း စစ်စာမေးပွဲကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ စတင်ဖြေဆိုလျက်ရှိရာ ယနေ့ နေ့လည်ပိုင်းတွင် အေးချမ်းစွာ ဖြေဆိုပြီးစီးပြီဖြစ် ကြောင်း သိရသည်။
အဆိုပါ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပုလောမြို့နယ်၌ (Grade -5) တွင် စာစစ်ဌာန (၁၆) ခု ဖွင့်လှစ်ထားပြီး ဝင်ရောက်ဖြေဆိုသူ (၁၅၉၉) ဦး၊ (Grade -9)တွင် စာစစ်ဌာန (၁၂)ခု ဖွင့်လှစ်ထားပြီး ဝင်ရောက်ဖြေဆိုသူ ၇၈၂ ဦး စုစုပေါင်း ၂၃၈၁ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် (Grade -5) (Grade -9) အရည်အချင်းစစ် စာမေးပွဲကို ကျောင်းသား/သူများအနေဖြင့် အေးချမ်းပျော်ရွှင်စွာဖြင့် ဖြေဆိုနိုင်ရေးအတွက် ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးကို အတွင်းစည်း/အပြင်စည်းဖြင့် တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေးအေးမော်(ပုလော)