ဝါးခယ်မ ဖေဖော်ဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် သကျမဟာသီရိဘုရားကြီး၌ ယနေ့နံနက် ၉ နာရီအချိန်က (၄၁)ကြိမ်မြောက် ဗုဒ္ဓစွယ်တော်မြတ်ပူဇော်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။
ထိုအစည်းအဝေးပွဲကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်မှ (၄၁)ကြိမ်မြောက် ဗုဒ္ဓစွယ်တော်မြတ်ပူဇော်ပွဲ ကျင်းပနိုင်ရေးကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ ဘုရားကြီးအရုဏ်တော်ခံဝတ်အသင်း တာဝန်ရှိသူတစ်ဦးက ဗုဒ္ဓစွယ်တော်မြတ်ပူဇော်ပွဲကြီးအတွက် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခြင်း၊ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများဖွဲ့စည်းခြင်း၊ တက်ရောက်လာသူများမှ အကြံပြုဆွေးနွေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြား၍ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)