Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဘားအံမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ ကြိုဆိုထောက်ခံပွဲပြုလုပ်
Feb 27,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ ကြိုဆိုထောက်ခံပွဲကို ယနေ့နံနက်(၈)နာရီက ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက် မြို့မအားကစားကွင်း၌ ပြုလုပ်ရာ စုစုပေါင်း အင်အား ၅၀၀ ခန့် တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးဆိပ်ကမ်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုနှင့် ပကိုးအင်းစီမံကိန်းအတွင်း လုပ်ငန်းဆောင်ရွက်နေမှုတို…
Feb 27,2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ယမန်နေ့ နံနက်ပိုင်းက မန္တလေးဆိပ်ကမ်း သာယာလှပရေးဆောင်ရွက်ထားရှိမှုနှင့် ပကိုးအင်းစီမံကိန်းအတွင်း လုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Feb 27,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်) ဘက်စုံသုံးခန်းမ၌ ယနေ့နံနက် (၁၀)နာရီက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး(၁)ဗိုလ်မှူးမျိုးသွင်က ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့က ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ ပြည်သူ့စစ်ဥဒေနှင့် ပတ်သတ်၍ လူငယ်များနှင့်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်၊ သတင်းအမှားများပျံ့နှံ့နေခြင်းကြောင့် သတင်းအမှန်များသိရှိစေရန်နှင့် ပြည်သူ့ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆောင်ရမည့်သူများအနေဖြင့် စစ်သင်တန်းတက်ရောက်ပြီးပါက မိမိတို့ဆန္ဒရှိရာ ဒေသများတွင်သာ တာဝန်ထမ်းဆောင်ရမည်၊ လေ့ကျင့်မှုတွင်လည်း တပ်မတော်သားများ တတ်သင့်တတ်ထိုက်တဲ့ နိုင်ငံတော်ကာကွယ်ရေး ပညာရပ် အားလုံးကို အချိန်ပေး သေချာစွာ သင်ကြားပေးမည်။ သင်တန်းပို့ချမှု ပြီးမြောက်မှသာ တာဝန်ထမ်းဆောင်စေရမည်၊ စသည့် အကြောင်း အရာများ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်မြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် သင်တန်းကျောင်းများ၌ သက်သာသောနှုန်းထားဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေး
Feb 27,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်မြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သင်တန်းကျောင်းအသီးသီးမှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းမိသားစုများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် သက်သာသောနှုန်းထားဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို ယနေ့နံနက်က ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကိုယ်တိုင် စိုက်ပျိုး/မွေးမြူ ထုတ်လုပ်ရောင်းချသူများ ပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့ စည်ပင်ကွက်သစ်ရပ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆွေးနွေး
Feb 27,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းအရာများကို ပြည့်ပြည့်စုံစုံသိရှိစေရန် ရည်ရွယ်၍ ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်းအသိပညာပေး ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က ကျောင်းတွင်းရပ်ကွက် စည်ပင်ကွက်သစ်ဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာများ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြို့နယ်အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အဦ မှတ်တမ်းတင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား တိုင်းဒေသကြီးသန်းခေါင်…
Feb 27,2024
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတစ်ရပ်ဖြစ်သည့် အဆောက်အဦမှတ်တမ်းတင်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၇)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၌ ဆောင်ရွက်ခဲ့ကြရာ ပဲခူးတိုင်းဒေသကြီးသန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးအေးမောင်ကြည်နှင့် ကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးဦးအောင်ဝင်းဦးတို့သည် ပဲခူးခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ လူဝင်မှုကြီးကြပ်ရေးနှင်ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ်၌ နွေစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ဆောင်ရွက်
Feb 27,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ လက်ဆွဲကောက်စိုက်စက်ဖြင့်လည်းကောင်း၊ ပျိုးထောင်စိုက်ဖြင့်လည်းကောင်း၊ တိုက်ရိုက်အစေ့ချကိရိယာ (Drum Seeder) ဖြင့်လည်းကောင်း ဗီယက်နမ်စပါးမျိုးနှင့် ထိုင်းနှံကောက်စပါးမျိုးများ စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် (၉)နာရီခွဲအချိန်က ငါးဆယ်ပေးအုပ်စု၊ အုတ်ဖိုကျေးရွာရှိ တောင်သူဦးကြည်မြင့်နှင့် တောင်သူ (၁၅) ဦး၏ ကွင်းအမှတ်(၆၇)၊ လယ်မြေ (၂၅) ဧကတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဇေယျာသီရိမြို့နယ်၌ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းဟောပြော
Feb 27,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပရာ ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9587
Page
9588
Page
9589
Page
9590
Current page
9591
Page
9592
Page
9593
Page
9594
Page
9595
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department