ကျောက်ဆည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5 အခန်းဆုံးစာမေးပွဲ နောက်ဆုံးဘာသာရပ် ဆက်လက်ဖြေဆို

ကျောက်ဆည် ‌ဖေဖော်ဝါရီ ၂၇

မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ မူလတန်းအဆင့် Grade-5 အခန်းဆုံး စာမေးပွဲ နောက်ဆုံးဘာသာရပ်ဖြစ်သည့် သိပ္ပံဘာသာရပ်အား ယနေ့ နံနက် (၉)နာရီက သက်ဆိုင်ရာစာဖြေဌာနများတွင် ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

Grade-5 အတန်း သိပ္ပံဘာသာရပ်ဖြေဆိုရာ၌ အခြေခံပညာကျောင်းများမှ ကျောင်းသား (၁၇၂၇)ဦး၊ ဘုန်း ပညာရေးကျောင်းများမှ ကျောင်းသား (၁၅၄) ဦး၊ ကျောင်းသူ (၁၁၁) ဦး၊ စုစုပေါင်း (၃၈၉၈) ဦး ဖြေဆို ခဲ့ကြောင်းနှင့် ပျက်ကွက်ဦးရေ (၁၂၉) ဦး ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် အခြေခံပညာမူလတန်းကျောင်း (၁၃၀)ကျောင်း၊ မူလတန်း(လွန်) ကျောင်း (၂၅) ကျောင်း၊ အလယ်တန်းကျောင်း (ခွဲ) (၉) ကျောင်း၊ အလယ်တန်းကျောင်း (၂) ကျောင်း၊ အထက်တန်း ကျောင်း(ခွဲ) (၉) ကျောင်း၊ အထက်တန်းကျောင်း (၁၁) ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၁၈) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၆) ကျောင်းရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)