ပလောက် ဖေဖော်ဝါရီ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (Grade -5) အတန်း ကျောင်းသား/သူများ၏ နှစ်ဆုံး ခရိုင်စစ်စာမေးပွဲကြီး ယနေ့တွင် အောင်မြင်စွာ ဖြေဆိုပြီးစီးကြောင်း သိရသည်။
(Grade -5) ကျောင်းသား/သူများ၏ နှစ်ဆုံးခရိုင် စစ်ဆေးခြင်းစာမေးပွဲကို ဖေဖော်ဝါရီလ (၂၂)ရက်နေ့မှ စတင်ကျင်းပခဲ့ပြီး ယနေ့နံနက်တွင် လူမှုရေးဘာသာကို နောက်ဆုံးဖြေဆို ပြီးစီးခြင်းဖြစ်ကြောင်း၊ အလားတူ (Grade -9)အတန်း ကျောင်းသား/သူများက ယနေ့တွင် သမိုင်းဘာသာရပ်အား ဖြေဆိုလျက်ရှိပြီး ဖေဖော်ဝါရီ (၂၈) ရက်နေ့တွင် သိပ္ပံဘာသာရပ်ဖြင့် ဖြေဆိုပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ နှစ်ဆုံး ခရိုင်စစ်/ တိုင်းစစ်စာမေးပွဲ အေးချမ်းအောင်မြင်စွာ ပြီးမြောက်ရေး ဆရာ/ဆရာမများနှင့် မြို့အဆင့် ဌာနဆိုင်ရာများက ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နှင်းမြူလွင်(ပလောက်)