အမြို့မြို့အနယ်နယ်သတင်းများ

Sep 05,2023
နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြိုနယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က တောင်ညိုကျေးရွာ(ယာယီ)နယ်​မြေမီးသတ်စခန်းတွင် ကျင်းပခဲ့သည်။
Sep 05,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက သဲကျွန်းကျေးရွာနှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတို့သို့ သွားရောက်ငှားရမ်းပေးကြသည်။
Sep 05,2023
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ လားရှိုးပညာရေးဒီဂရီကောလိပ်မှ စီစဉ်ကျင်းပသည့် လူငယ်သီတင်းပတ်အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က လားရှိုးပညာရေးဒီဂရီကောလိပ်တွင် ကျင်းပပြုလုပ်သည်။
Sep 05,2023
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၏ အပတ်စဉ် (၂၉) သင်တန်းသား/သင်တန်းသူများအား ဂျူတီကုတ်/ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
Sep 05,2023
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန မကွေးပညာရေးဒီဂရီကောလိပ်တွင် လူငယ်သီတင်းပတ်(Youth Week)လူငယ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက မကွေးပညာရေးဒီဂရီကောလိပ် ပညာ့ဗိမာန်ခန်းမရှေ့၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီး အားကစားအဖွဲ့နာယကနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မကွေးပညာရေးဒီဂရီကောလိပ်မှ သင်ကြားရေးဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကောင်းသူများ တက်ရောက်ခဲ့ကြသည်။
Sep 05,2023
ပြည်သူများစားသုံးဆီကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ၏ အစီအစဉ်ဖြင့် စားသုံးဆီများကို သတ်မှတ်ညွှန်ကြားချက်စျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် စည်ပင်သာယာမြို့မဈေးရှေ့၌ ယနေ့ နံနက်ပိုင်းက ရောင်းချပေးခဲ့သည်။
Sep 05,2023
ဘားအံပညာရေးဒီဂရီကောလိပ်ရှိ လူငယ်ဆရာ၊ဆရာမလောင်းများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဟူသည့် ဗလငါးတန်ဖွံ့ဖြိုးသည်ထက်ပိုမိုဖွံ့ဖြိုးပြီး လူငယ်များ၏ စိတ်ဓာတ်ခွန်အားများရရှိကြရန်နှင့် ပျော်ရွှင်တက်ကြွစွာပညာရပ်များကို ဆက်လက်လေ့လာဆည်းပူးကြစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ လူငယ်သီတင်းပတ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခန့်က အဆိုပါဒီဂရီကောလိပ် သီရိခန်းမ၌ ကျင်းပသည်။