ပလောက် ဖေဖော်ဝါရီ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့ နံနက် (၁ဝ) နာရီက ပလောက်နယ်မြေ မီးသတ်စခန်းသို့ သွားရောက်၍ စာအုပ်၊ စာစောင်များအား အခမဲ့ ငှားရမ်းပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက် ဝန်ဆောင်မှုအနေဖြင့် ပြည်သူများ စာပေ ဖတ်ရှုလေ့လာခွင့် ရရှိစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန်နှင့် အသိပညာ ဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာ ရုံးများသို့ Mobile library ဖွင့်လှစ်၍ စာအုပ်များ ငှားရမ်းခဲ့ကြသည်။
အဆိုပါ Mobile library ဖွင့်လှစ်၍ စာအုပ်များ ငှားရမ်းပေးရာတွင် စာဖတ်ပရိသတ်များအား သုတစာအုပ်များ၊ ရသစာအုပ်များ၊ ပုံပြင်၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ဝတ္တု စာအုပ်များနှင့် အသိပညာ ဗဟုသုတများစွာ ရရှိမည့် စာအုပ်များ စုံလင်စွာ ငှားရမ်းပေးခဲ့ပြီး တစ်ပတ်ပြည့်လျှင် စာအုပ်စာစောင် အသစ်များဖြင့် အပတ်စဥ် လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နှင်းမြူလွင်(ပလောက်)