ရွှေပြည်သာမြို့နယ်၌ အသက်(၁)နှစ်မှ (၅)နှစ်အထိ ကလေးသူငယ်များအား (၅)မျိုးစပ် ကာကွယ်ဆေးထိုးခြင်းများ ဆောင်ရွက်

ရွှေပြည်သာ ဖေဖော်ဝါရီ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင်‌ အသက်(၁)နှစ်မှ အသက်(၅)နှစ်အထိ ကလေးသူငယ်များအား (၅)မျိုးစပ်ကာကွယ်ဆေး ထိုးပေးခြင်းများကို ရွှေပြည်သာမြို့နယ် ပြည်သူ့ဆေးရုံနှင့် ရပ်ကွက်များရှိ ဆေးထိုးစုရပ်များတွင် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက (၂၃)ရပ်ကွက် ကျန်းမာရေးဆေးခန်းတွင် ကလေးသူငယ်များအား ကာကွယ်ဆေးထိုးနှံ‌ပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကိုလည်း အပတ်စဉ် အင်္ဂါနေ့နှင့် ကြာသပတေးနေ့ များတွင်လည်းကောင်း၊ သွားနှင့် ခံတွင်းရောဂါများကို တနင်္လာနေ့နှင့် သောကြာနေ့များတွင်‌ ရွှေပြည်သာမြို့နယ် ပြည်သူ့ဆေး‌ရုံတွင် ကုသဆောင်ရွက်‌ပေးလျက်ရှိကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)