Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပွင့်ဖြူမြို့နယ်၌ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကြီးအုံကြီးဝတမံ ရေပြည့်အမှတ်အထက် ရေပိုလွှဲမှ ၅ ဒသမ ၇ ပေခန့် ဆက်လက်ရေကျော်
Sep 06,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် အဓိက မှီခိုအားထားရသည့် ကြီးအုံကြီးဝတမံသည် ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှုတိုးလာခဲ့သဖြင့် ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာရာ၌ တမံရေပြည့်မှတ်ဖြစ်သည့် (၃၄၀) အထက် တမံရေပိုလွှဲမှ ၅ ဒသမ ၇ ပေခန့် ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့်ထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပပြုလုပ်
Sep 06,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ် ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသော ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရယ်မြို့နယ်တွင် စာသုံးဆီဈေးနှုန်း တည်ငြိမ်မှုရှိစေရေးနှင့် ဈေးကွက်အတွင်း လွယ်လင့်တကူ ဝယ်ယူရရှိနိုင်ရေး တာဝန်ရှိသူများက စစ်ဆေး
Sep 06,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သည့် တာဝန်ရှိသူအဖွဲ့သည် မိုင်းရယ်မြို့နယ်တွင် စားသုံးဆီဈေးနှုန်း တည်ငြိမ်မှုရှိစေရေး၊ ဈေးကွက်အတွင်း စားသုံးဆီ ပြတ်လပ်မှုမဖြစ်ပေါ်စေရေးနှင့် လွယ်လင့်တကူ ဝယ်ယူရရှိနိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီမှစ၍ ရပ်ကွက် (၃) ခုရှိ စားသုံးဆီဆိုင်နှင့် စားသောက်ကုန်ဆိုင်များတွင် စစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး အထူးအလေးထားဆောင်ရွက်ရန် တိုင်းဒေသကြီးဝန်ကြီးချုပ် လမ်းညွှန်မှာကြား
Sep 06,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ စက်တင်ဘာလ (၆) ရက်နေ့၊ နံနက်ပိုင်းက စိုက်ဧကတိုးချဲ့ရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုးရေးနှင့် စားရေရိက္ခာဖူလုံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၃) ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကသာမြို့နယ်၌ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိန်ကိုက်အချိုးကျ ပေါင်းစပ်သုံးစွဲရေး နည်းပညာပေးသင်တန်းနှင့် ယူရီးယားမြေဩဇာ ရောင်းချခြင်းအခမ်းအနား ကျင်းပ
Sep 06,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်တွင် သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာ အချိန်ကိုက်အချိုးကျ ပေါင်းစပ်သုံးစွဲရေး နည်းပညာပေးသင်တန်းနှင့် ယူရီးယားဓာတ်မြေဩဇာ ရောင်းချခြင်း အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 06,2023
(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ်၌ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် (အကြို) စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲ ပြုလုပ်ဆောင်ရွက်
Sep 06,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် (အကြို) ကျောင်းပေါင်းစုံ စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲအား ယနေ့ နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်တွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီး ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ…
Sep 06,2023
ကယားပြည်နယ်တွင် ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့်ဆပ်ကော်မတီ၀င်များနှင့် အဆို၊ အက၊ အရေး၊ အတီး ပညာရှင်များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9567
Page
9568
Page
9569
Page
9570
Current page
9571
Page
9572
Page
9573
Page
9574
Page
9575
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department