ဟုမ္မလင်း ဖေဖော်ဝါရီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ လောင်ဖောင်ကျေးရွာအုပ်စု၊ နောင်ပတ်ကျေးရွာ ဦးဝင်းဗိုလ်+ဒေါ်တင်ကြည် နောင်ရိုးရှမ်းရိုးရာအထည်ဆိုင် အလှူရှင်မိသားစုမှ ပါရမီလူမှုကူညီရေး အသင်း ဟုမ္မလင်းသို့ နိဗ္ဗာန်ယာဥ် (၁)စီး ပေးအပ်လွှဲပြောင်းလှူဒါန်းခြင်းနှင့် ရေစက်ချ အခမ်းအနားပွဲ ကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ဟုမ္မလင်းသီတဂူဆေးရုံတော်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ ဟုမ္မလင်းမြို့နယ်၊ မောင်းခမ်းရိပ်သာ ဆရာတော် ဦးဒေဝိန္ဒထံမှ ငါးပါးသီလခံယူပြီး ပရိတ်တရားနာယူခဲ့ကာ ဟုမ္မလင်းမြို့၊ သာသနဇောတိက မြို့မကျောင်းဆရာတော် ဦးဣန္ဒဝံသက တရားဟောရေစက်ချတရားနားယူခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်၊ တပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းဦး၊ ခရိုင်အဆင့်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ အလှူရှင်မိသားစုဝင်များ၊ ပါရမီလူ မှုကူညီရေးအသင်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။
ဟုမ္မလင်း(ပြန်/ဆက်)