မိုးညှင်း ဖေဖော်ဝါရီ ၂၈
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင် ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဘီလူးမြို့ သရက်ကုန်းကျေးရွာတွင် မီးသင်္ဂြိုလ်စက် တည်ဆောက်ခြင်းလုပ်ငန်းကို ယမန်နေ့မွန်းလွဲ(၂)နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးကြရာတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်ဦးစီးမှူးဦးဌေးမြင့်နှင့် တာဝန်ခံအင်ဂျင်နီယာတို့က ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များနှင့်တွေ့ဆုံကာ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ (၅၀)ရာခိုင်းနှုန်းဖြင့် ငွေကျပ်(၉၅)သိန်းနှင့် ပြည်သူလူထုထည့်ဝင်ငွေ ကျပ်(၂၄၉)သိန်း စုစုပေါင်းငွေကျပ်(၃၄၄)သိန်းကို ကျေးရွာလူထုလုပ်အားဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် အလျား(၂၃)ပေ၊ အနံ(၁၁)နှင့် အမြင့်(၁၂)ပေရှိ သံကူကွန်ကရစ်တိုင် အုတ်ရိုးစီမီးသင်္ဂြိုလ်စက် အဆောက်အဦတည်ဆောက်ခြင်း လုပ်ငန်းကို လည်းကောင်း၊ အလျား(၁၇)ပေ၊ အနံ (၉)ပေနှင့် အမြင့် (၉)ပေရှိ သံကူကွန်ကရစ်တိုင် အုတ်ရိုးစီစတိုဆောင်တည်ဆောက်ခြင်းလုပ်ငန်းနှင့် အလျား (၅)ပေ၊ အနံ (၅)ပေနှင့် အမြင့် (၂၅)ပေရှိ မီးခိုးတိုင်တည်ဆောက်ခြင်းလုပ်ငန်း စသည်တို့ကို ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း