တံတားဦးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုး၊ အဘွား (၈၉၂)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်

ကျောက်ဆည် ဖေဖော်ဝါရီ  ၂၈

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုး၊အဘွား (၈၉၂)ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ကျောက်ဆည်ခရိုင် လူမှုဝန်ထမ်းဦးစီးမှူးရုံး  ဦးစီးအရာရှိက တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုထံသို့ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ် တတိယ (၃)လပတ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများအတွက် အသက် (၈၅)နှစ်အထက် အဘိုး၊ အဘွားများအား တစ်ဦးလျှင်(၁)လ ငွေကျပ် တစ်သောင်းနှုန်း၊ (၃)လ တစ်ကြိမ် ငွေကျပ်သုံးသောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၂၆,၇၆၀,၀၀၀ ဖြစ်သည်။

ထို့နောက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ကျောက်ဆည်ခရိုင် လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တံတားဦးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများကွင်းဆင်း၍ အသက်(၈၅)နှစ်အထက် အဘိုး(၂၅၇)ဦးနှင့် အဘွား(၆၃၅)ဦး၊ စုစုပေါင်း(၈၉၂)ဦးအား လက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်တင်ထွေး