ဟင်္သာတ ဖေဖော်ဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား/သူများ သက်ဆိုင်ရာစာစစ်ဌာနများတွင် အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုတို့အား ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာသို့ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးကျော်မြသန်း၊ ခရိုင်ပညာရေးမှူး ဦးတိုးဝင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်နှင်းယု၊ ဟင်္သာတမြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဟင်္သာတမြို့၊ ဥယျာဥ်တောင်ရပ်ကွက်ရှိ အမှတ် (၃)၊ အခြေခံပညာအထက်တန်းကျောင်း၊ တာငါးဆယ်တောင်ရပ်ကွက်ရှိ အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်း၊ ဥယျာဥ်မြောက်ရပ်ကွက်ရှိ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား/သူများက မိမိတို့စာစစ်ဌာနများအလိုက် သက်ဆိုင်ရာဘာသာရပ်စာမေးပွဲများ ဖြေဆိုနေမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီးလိုအပ်သော ပံ့ပိုးကူညီမှုများကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)