လိပ်သို ဖေဖော်ဝါရီ ၂၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ လမ်းဦးစီးဌာနသည် မိမိတို့ တာဝန်ယူရသော လမ်းပိုင်းများကို အစဉ်ကြံ့ခိုင်မှုရှိနေစေရန်၊ ရေရှည်အသုံးပြုနိုင်ရန်နှင့် သဘာဝဘေးကြောင့် လည်းကောင်း၊ လမ်းခံနိုင်ဝန်ထက် ပိုမိုအသုံးပြုမှုများကြောင့် လည်းကောင်း၊ လမ်းပျက်စီးမှုများ နည်းပါးစေရန် အစဉ်တစိုက် ပြုပြင်ထိန်းသိမ်းပေးလျက်ရှိကြောင်း သိရသည်။
ယခုဘဏ္ဍာနှစ်တွင်လည်း တောင်ငူ-လိပ်သို-လွိုင်ကော်-ဟိုပုံး ပြည်ထောင်စုလမ်း NH(21) ကရင်ပြည်နယ်အပိုင်း ဇလဲကျေးရွာလမ်းပိုင်းတစ်လျှောက် မိုင်တိုင်အမှတ် (၂၆/၀) မှ (၂၉/၃) အထိ လမ်းပိုင်းတွင် လမ်းပေါက်ဖာထေးခြင်း၊ ရေပိတ်လွှာ နိမ့်၊ မြင့်၊ ညှိ ကတ္တရာခင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ပြီးစီးသွားပြီဖြစ်၍ မော်တော်ယာဉ်များနှင့် ခရီးသည်များ သွားလာအသုံးပြလျက်ရှိရာ ယခင်ကထက် ပိုမိုလွယ်ကူချောမွေ့ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)