အမြို့မြို့အနယ်နယ်သတင်းများ

Sep 06,2023
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် အုပ်ချုပ်ရေးမှူးတာဝန် ထမ်းဆောင်နေသူများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် စွမ်းရည်မြင့်မားလာစေရန်အတွက် အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မာရေးသင်တန်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်သူ့ဝန်ဆောင်မှုရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။
Sep 06,2023
ပြည်တက္ကသိုလ်တွင် စက်တင်ဘာ ၄ ရက်က စတင်ကျင်းပလျက်ရှိသော ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်သတင်းပတ်(Youth Week)၏ (တတိယမြောက်နေ့)ယနေ့နံနနက်ပိုင်းတွင် ပြည်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲစသည့် လူငယ်အသိပညာပေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။
Sep 06,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် အရန်မီးသတ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
Sep 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်တက္ကသိုလ်၊ မိုးလုံလေလုံအားကစားခန်းမ၌ လူငယ်သီတင်းပတ်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့် အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
Sep 06,2023
မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ပျောက်ကွယ်မသွားစေရေး ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ အမျိုးဂုဏ်ဇာတိဂုဏ် မြှင့်မားလာစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်း မြို့နယ်တွင် (၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (အခြေခံပညာအဆင့်) ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ အ-ထ-ကသရက်ချောင်းကျောင်း ပညာရတနာခန်းမ၌ကျင်းပသည်။
Sep 06,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် ယမန်နေ့ နေ့လယ် (၂:၃၀)အချိန်၌ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းများ၌ မိုးရာသီအခြေခံအားကစားသင်တန်းများဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Sep 06,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပေါ်ရပ်ကွက်များ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသာယာလှပရေး၊ ရေကြီးရေလျှံ မဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး လုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက တမာပင်ရပ်ကွက် မကွေးလမ်းဘက် ရေထွက်ပေါက်နှင့် ရေလမ်းကြောင်းတစ်လျှောက် ရေစီးဆင်းမှုအခြေအနေတို့ကို အမှုဆောင်အရာရှိမှ တာဝန်ခံအင်ဂျင်နီယာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Sep 06,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က အ.ထ.က-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။