Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တန့်ယန်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနများတွင် မီးဘေးအန္တရာယ်ကင်းရှင်းရေး ကြည့်ရှုစစ်ဆေး
Feb 29,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၄ - ခုနှစ် မတ်လအတွင်း ကျင်းပဖြေဆိုမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၏ စာစစ်ဌာနများတွင် မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ကြိုတင်၍ ကြည့်ရှုစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဗိုလ်တထောင်မြို့နယ်တွင် လူငယ်လူရွယ်များ ဗလငါးတန် ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေးအတွက် လူငယ်စကားဝိုင်း ကျင်းပ
Feb 29,2024
ကျောင်းသား၊ ကျောင်းသူ/ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်အတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရန်ကုန်အရှေ့ပိုင်း သူနာပြုသင်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ (၂၇) ရက်နေ့ နေ့လယ်(၂)နာရီအချိန်က ဗိုလ်တထောင်မြို့နယ်ရှိ ရန်ကုန်အရှေ့ပိုင်း သူနာပြုသင်တန်းကျောင်း ကျောင်းခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)နှင့် မိတ္ထီလာခရိုင် အသင်းသူအသင်းသားများ တွေ့ဆုံပွဲ အခမ်းအနားကျင်းပ
Feb 29,2024
မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို)နှင့် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (မိတ္ထီလာခရိုင်) အသင်းသူအသင်းသားများတွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မိတ္ထီလာမြို့ Grand Cosmos ဟိုတယ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများအကြောင်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Feb 29,2024
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများအကြောင်းနှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများအကြောင်း အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကားမှတ်တိုင်များ၊ စျေးများ၊ ဘူတာများ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ၊ လမ်းဆုံလမ်းခွနေရာများနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများထံ လက်ဝယ်အရောက် လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့ ကုန်ထုတ်လမ်းဖွင့်ပွဲနှင့် အသက်(၈၅)နှစ်နှင့်အထက် အဘိုး၊ အဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်…
Feb 29,2024
၂၀၂၄ ခုနှစ် (၆၂)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် လမ်းအရှည် ၀/၆ မိုင်၊ အရှည်ပေ ၄၀ တံတား (၁)စင်းကို ခြူးကမ္ဘာမာန်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်နှင့် လှာကမြင်ကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်က အဆိုပါ ကုန်ထုတ်လမ်းမုခ်ဦး တည်နေရာ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေနံချောင်းမြို့နယ်၌ သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
Feb 29,2024
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်များ၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်သမဝါယမအသင်းစုရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် စီးပွားရေးရာဝန်ကြီး ချောင်းဆုံမြို့နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များနှင့်…
Feb 29,2024
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များအနေဖြင့် (MSME) ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ငန်းများကို သိရှိစေရန်အတွက် မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး နိုင်လယိတမနှင့် ပြည်နယ် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများမှ ယမန်နေ့ နံနက်(၉)နာရီက ကျွန်းသာယာခန်းမတွင် တွေ့ဆုံပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့ စာစီကျောင်းရပ်ကွက် အခြခံပညာမူလတန်းကျောင်း၌ ပြည်သူစစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲကျင်းပ
Feb 29,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် စာစီကျောင်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကို ယမန်နေ့နံနက်(၉)နာရီ၃၀အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9565
Page
9566
Page
9567
Page
9568
Current page
9569
Page
9570
Page
9571
Page
9572
Page
9573
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department