Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဖျာပုံခရိုင် လေးမြို့နယ် ပရိယတ္တိနုဂ္ဂဟ ရှင်သာမဏေအာဂုံ/ ရေးဖြေစာမေးပွဲကြီးသို့ ကြွရောက်လာသည့် ဆရာတော်၊ သံဃာတော်များအား အာရုံဆွမ်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်း…
Feb 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် သာသနာတော် တည်တံ့ပြန့်ပွားရေး၊ ဗုဒ္ဓတရားတော်များကို ကျက်မှတ်ရွတ်ဆို ဖြေဆိုခြင်းဖြင့် သာသနာ့အာဇာနည် အရှင်မြတ်များ ပေါ်ထွန်းလာပြီး သာသနာတော်အကျိုးကို သယ်ပိုးထမ်းရွက်သွားနိုင်စေရန် ရည်ရွယ်၍ (၄၈) ကြိမ်မြောက် ဖျာပုံခရိုင် လေးမြို့နယ် ပရိယတ္တိနုဂ္ဂဟ ရှင်သာမဏေအာဂုံ၊ ရေးဖြေစာမေးပွဲကြီး ကျင်းပလျက်ရှိရာ လေးမြို့နယ်မှ ကြွရောက်လာသည့် ဝန်ဆောင်ဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များ၊ စာဖြေရှင်သာမဏေများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုက အာရုံဆွမ်းနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ ပြည်သူများ ရှင်းလင်းတိကျစွာ နားလည်သိရှိနိုင်ရေး ကွင်းဆင်းအသိပညာပေးဆွေးနွေး
Feb 29,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်း အကြောင်းအရာများနှင့်စပ်လျဉ်း၍ ပြည်သူများရှင်းလင်းတိကျစွာ နားလည်သိရှိနိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်တို့အတွက် ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က ပခုက္ကူမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ ပိတောက်ဆောင်ခန်းမ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်မြို့၌ ပန်ဥယျာဉ် ပန်းချီ၊ ပန်းပုပြပွဲ ဖွင့်ပွဲ ကျင်းပ
Feb 29,2024
မြန်မာ့ယဉ်ကျေးမှု၏ အနုပညာလက်ရာ ယဉ်ကျေးမှု အမွေအနှစ်များကို မျိုးဆက်သစ်လူငယ်များ လက်ဆင့်ကမ်းနိုင်စေရန် ရည်ရွယ်၍ မော်လမြိုင်မြို့နယ် ပန်းချီ၊ ပန်းပုအစည်းအရုံးအဖွဲ့မှ ကျင်းပသော ပန်ဥယျာဉ်ပန်းချီ၊ ပန်းပုပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ဘိုကုန်းရပ်၊ သံလွင်ဥယျာဉ်ဝင်းအတွင်းရှိ ဒေါက်တာလှဘေ ပညာပါရမီ စာကြည့်တိုက်၌ ကျင်းပပြုလုပ်ရာ ပန်းချီ၊ ပန်းပု အနုပညာဝါသနာရှင်များ၊ မော်လမြိုင်မြို့နယ် စာရေးဆရာအသင်းမှ တာဝန်ရှိသူများ၊ မြို့နယ်ကာတွန်းဆရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ၏ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်
Feb 29,2024
ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ၏ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မော်လမြိုင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေမြိုင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်ယု၊ ခရိုင်အခြေခံစာတက်မြောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
မော်လိုက်မြို့၌ ၂၀၁၀ ပြည့်နှစ် ပြည်သူ့စစ်မှုထမ်းဥပဒေ ရှင်းလင်းဆွေးနွေးပွဲကျင်းပ
Feb 29,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ၂၀၁၀ ပြည့်နှစ် ပြည်သူ့စစ်မှုထမ်းဉပဒေ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူတက္ကသိုလ်၌ ဘွဲ့နှင်းသဘင်အစမ်းလေ့ကျင့်ပွဲ ကျင်းပ
Feb 29,2024
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဘွဲ့နှင်းသဘင်အစမ်းလေ့ကျင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ သင်ကြား/စီမံဌာနမှူးများ၊ တက္ကသိုလ်ဝန်ထမ်းများ၊ ဘွဲ့ရမောင်မယ်များနှင့်မိဘဆွေမျိုးများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရေဦးမြို့ ရွှေနဒီဦးခန်းမတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်
Feb 29,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့ အထွထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေနဒီဦးခန်းမတွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နေ့လယ် မွန်းလွဲ ၁ နာရီက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်ခဲ့ရာ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာ စီမံအုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Grade-9 ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲဖြေဆိုပြီးစီး
Feb 29,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Grade-9 နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ (၂၂)နေ့က စတင်ဖြေဆိုခဲ့ရာ ယမန်နေ့ နံနက်ပိုင်း၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုပြီးဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9564
Page
9565
Page
9566
Page
9567
Current page
9568
Page
9569
Page
9570
Page
9571
Page
9572
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department