တန့်ယန်း ဖေဖော်ဝါရီ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၄ - ခုနှစ် မတ်လအတွင်း ကျင်းပဖြေဆိုမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၏ စာစစ်ဌာနများတွင် မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ကြိုတင်၍ ကြည့်ရှုစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကြည့်ရှုစစ်ဆေးမှုတွင် မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးနှင့် တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဝေဖြိုးလွင်နှင့် ဝန်ထမ်းများက တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ကျင်းပဖြေဆိုကြမည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနများရှိ ကြီးကြပ်ရေးရုံးခန်းများ၊ စာဖြေဆောင်များ၊ စာဖြေခန်းများနှင့် ပတ်ဝန်းကျင်များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)