Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိတ္ထီလာမြို့နယ် စိုက်ပျိုးရေး၊မွေးမြူရေး အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများတက်ရောက် ပညာသင်ကြားနိုင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Feb 29,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းတွင်၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းသားကျောင်းသူများ တက်ရောက်ပညာသင်ကြားနိုင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အခြေခံပညာ အလယ်တန်းကျောင်း (ရှမ်းမငယ်)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်၌ သွေးတိုး၊ ဆီးချို ရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး
Feb 29,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာန၏ အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို ရောဂါဝေဒနာရှင်များအတွက် အပတ်စဥ် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း၌ မြို့နယ်ပြည်သူ့ဆေးရုံ ၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့နယ် ပေခုံကျေးရွာ၌ ပြည်သူ့စစ်ဥပဒေဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
Feb 29,2024
မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ပေခုံကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက ပေခုံကျေးရွာ ရွာလယ်ဓမ္မာရုံတွင် ဆောင်ရွက်ရာ ကျေးရွာနေပြည်သူ(၁၅၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲ အခမ်းအနားကျင်းပ
Feb 29,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ရွာသစ်ကျေးရွာအုပ်စုရသာချို ကြက်သွန်ကြော်လုပ်ငန်းအလုပ်ရုံတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန်ကန်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Feb 29,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ်တွင် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကောင်းစွာသိရှိပြီး သတင်းအမှန်များသိရှိစေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၈ နာရီအချိန်တွင် မန်ကန်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးလေ့ကျင့်မှု လက်တွေ့သရုပ်ပြသ
Feb 29,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ဘူတာရပ်ကွက်အတွင်းရှိ မြို့နယ်ပြည်သူ့အားကစားကွင်း၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်ကာ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ခြင်းနှင့်ရှာဖွေကယ်ဆယ်ရေးလေ့ကျင့်မှု လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်တွင် လေပြင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Feb 29,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် လေပြင်းဘေးအန္တရာယ်ကျရောက်ပျက်စီးနိုင်သော လူနေအိမ်(၁၂၀)လုံးအတွက် အမိုးအကာများအား ပြင်ဆင်ခြင်းလုပ်ငန်းများကို ဖေဖော်ဝါရီ ၂၇ ရက်နေ့ကစတင်၍ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Feb 29,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည်များကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အသိပညာပေးလက်ကမ်းစာစောင်ကို ယမန်နေ့ နံနက်ပိုင်းက လူစည်ကားရာနေရာများ၊ ဆံသဆိုင်များ၊ ကားဂိတ်များနှင့် ဗိုလ်ချုပ်လမ်းမကြီးတို့တွင် ဖြန့်ဝေပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9566
Page
9567
Page
9568
Page
9569
Current page
9570
Page
9571
Page
9572
Page
9573
Page
9574
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department