အောင်မြေသာစံမြို့နယ်၌ Power Bank အားသွင်းထားရာမှ အပူလွန်ကဲပြီးမီးလောင်မှုဖြစ်ပွား

မန္တလေး ဖေဖေါ်ဝါရီ ၂၉

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ အကွက်(၁၂၇)၊ ၁၈×၁၉ လမ်းကြား၊ ၈၆×၈၇ လမ်းကြားရှိ လူနေအိမ်တစ်လုံးတွင် ယမန်နေ့ညနေ(၅)နာရီခွဲကျော်က မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ နေအိမ်အိပ်ခန်းအတွင်း မွေ့ယာပေါ်တွင် Power Bank အားသွင်းထားရာမှ အပူလွန်ကဲပြီး မွေ့ယာသို့မီးကူးစက်ကာ မီးလောင်မှုဖြစ်ပွားခြင်းဖြစ်သည်။ မီးလောင်မှုဖြစ်ပွားရာနေရာသို့ တိုင်းဒေသကြီးမီးသတ်ဦးစီးမှုး၊ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း  ဦးစီးသော သ‌န္ဓေမီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၄၀ ဦးတို့က အုပ်ချုပ်မှုယာဥ် ၂ စီး၊ မီးသတ်ရေသယ်ယာဉ် ၅ စီး၊ မီးငြှိမ်းသတ်ယာဉ် ၁၀ စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ကြသည်။

မီးလောင်မှုကြောင့် နေအိမ်အတွင်းရှိပစ္စည်းအချို့ မီးလောင်ဆုံးရှုံးခဲ့ပြီး လျှပ်စစ်မီးပေါ့ဆစွာအသုံးပြုသူအား အမှတ်(၅) မြို့မရဲစခန်းက အမှုဖွင့်အရေးယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။

မြင့်မော်ထွန်း