ရန်ကင်း ဖေဖော်ဝါရီ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်အမှတ်(၅)ရပ်ကွက်၊ ရန်ငြှိမ်းလမ်းနှင့်ပညာ့၀တီလမ်းကြားရှိ ရန်ကင်းမြို့မဈေး၌ ပြည်သူများမီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေးအတွက် မီးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောခြင်းနှင့်လက်တွေ့မီးငြှိမ်းသတ်ရေးသရုပ်ပြမှုများအား ယနေ့နံနက်(၉)နာရီက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် မီးကြောင့်အသက်အိုးအိမ်စည်းစိမ်များဆုံးရှုံးထိခိုက်မှုများမရှိစေရေး၊ ဈေးဆိုင်ခန်းများအနေဖြင့်လည်း မိမိတို့ဆိုင်များတွင်မီးချိပ်၊ မီးကပ်များထားရှိကြရန်၊ ရှုပ်ထွေးနေသောဝါယာကြိုးများနှင့်ဆွေးမြီနေသောဝါယာကြိုးများအား စနစ်တကျထားရှိခြင်းနှင့်လဲလှယ်ခြင်းများပြုလုပ်ကြရန်၊ ရေသိုလှောင်ကန်ထားရှိရန်စသည်တို့အား ရှင်းလင်းပြောကြားပေးခဲ့ပြီး လက်တွေ့မီးငြှိမ်းသတ်ပုံအဆင့်ဆင့်အား လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။
အဆိုပါမီးဘေးအန္တရာယ်အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်နည်းဆောင်ရွက်ရာသို့ မြို့နယ်မီးသတ်ဦးစီးမှူးဦးထိန်လင်းဦဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးနန်း၀င်းအောင်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးရည်လှိုင်၊ခရိုင်ဈေးများဌာနမှ ဌာနစုမှူးဦးခင်မောင်သိန်း၊ မြို့နယ်လျှပ်စစ်မှ ကျွမ်းကျင်(၄)ဦးဌေးလွင်၊ မြို့နယ်တွင်းရှိ ဈေးတာ၀န်ခံများနှင့် ဈေးသူဈေးသားများ စုစုပေါင်းအင်အား(၄၀)ခန့်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ရဲလေး(ပြန်ဆက်)