နတ်တလင်း ဖေဖော်ဝါရီ ၂၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသတင်းအချက်အလက်များကိုကောင်းစွာသိရှိပြီး သတင်းမှန်များသိရှိစေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီအချိန်က မြို့မစျေးနှင့် လူစည်ကားရာနေရာများတွင် (အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါ လက်ကမ်းစာစောင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ဖြန့်ဝေပေးခဲ့ပြီး လက်ကမ်းစာစောင်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် သိကောင်းစရာများ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်း ဥပဒေမှကင်းလွတ်ခွင့်ပြုခြင်း၊ ဘာကြောင့်ပြည်သူ့စစ်မှုထမ်းဥပဒေကိုကျင့်သုံးရတာလဲ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များစသည့်အကြောင်းအရာများကို ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)