မောင်တော ဖေဖော်ဝါရီ ၂၉
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (Grade-9) သင်ရိုးသစ်စာမေးပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုလျက်ရှိသည့် ယမန်နေ့က သိပ္ပံဘာသာရပ် ဖြေဆိုခဲ့ကြပြီး (Grade-9) သင်ရိုးသစ်စာမေးပွဲ အောင်မြင်စွာ ဖြေဆိုပြီးစီးခဲ့ပြီဖြစ်သည်။
မောင်တောမြို့နယ်အနေဖြင့် Grade-5 နှင့် Grade-9 အတန်းသင်ရိုးသစ်စာမေးပွဲကို စာစစ်ဌာန (၅၅) ခုဖွင့်လှစ်ကာ တစ်ရက်လျှင် တစ်ဘာသာဖြင့် သက်ဆိုင်ရာကျောင်းအသီးသီးတွင် စစ်ဆေးဖြေဆိုခဲ့ကြခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် Grade-9 အတန်း သင်ရိုးသစ်၏ နောက်ဆုံးဘာသာရပ်ဖြစ်သည့် သိပ္ပံဘာသာရပ်ကို ကျောင်သား၊ ကျောင်းသူများက ဖြေဆိုရာတွင် ခရိုင်/မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် စာစစ်ဌာန ကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ တာဝန်ကျ ဆရာ၊ ဆရာမ များက အနီးကပ်စစ်ဆေးဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ အခြေခံပညာကျောင်းများတွင် ၂၀၂၃- ၂၀၂၄ ပညာသင် နှစ် Grade-5 အတန်းတွင် ဖြေဆိုရန် စာရင်းရှိ ကျောင်းသား/သူ ၂၁၄၀ ဦး နှင့် Grade-9 သင်ရိုးသစ်တွင် ဖြေဆိုရန် စာရင်းရှိ ကျောင်းသား/သူ ၁၁၃၉ ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်