ကျောက်ဆည် ဖေဖော်ဝါရီ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ရေရရှိရေးနည်းလမ်းများအလိုက် နွေသီးနှံမျိုးစုံ (၄၁၆၈၇) ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
နွေသီးနှံမျိုးစုံ စိုက်ပျိုးရာ၌ နွေစပါးများကို မင်းရဲစိုက်ပျိုးရေပေးဝေမြောင်းတွင် (၃၇၂)ဧက၊ သင်းတွဲ စိုက်ပျိုးရေပေးဝေမြောင်းတွင် (၆၀၀)ဧက၊ သမုတ်စိုက်ပျိုးရေဝေမြောင်းတွင်(၂၈)ဧက၊ စက်ရေတွင်းဖြင့် (၅၃)ဧက စုစုပေါင်း(၁၀၅၃)ဧက၊ နွေနှမ်းသီးနှံများကို မင်းရဲစိုက်ပျိုးရေ ပေးဝေမြောင်းတွင် (၁၈၆၆)ဧက၊ သင်းတွဲစိုက်ပျိုးရေပေးဝေမြောင်းတွင် (၂၉၄၆) ဧက၊ ငပြောင်စိုက်ပျိုးရေပေးဝေမြောင်းတွင် (၂၃၃၄) ဧက၊ ဇီစိုက်ပျိုး ရေပေးဝေမြောင်းတွင်(၄၂၀)ဧက၊ နွားတက်စိုက်ပျိုးရေပေးဝေမြောင်းတွင် (၁၁၂၁၃) ဧက၊ တမုတ်စိုက်ပျိုးရေ ပေးဝေမြောင်းတွင် (၃၉၄၄) ဧက၊ အထက်လင်းဇင်းစိုက်ပျိုးရေပေးဝေမြောင်းတွင် (၆၅၀) ဧက၊ သင်းဒီးစိုက်ပျိုး ရေပေးဝေမြောင်းတွင်(၄၅၅၉)ဧက၊ ထုံးကြီးစိုက်ပျိုးရေပေးဝေမြောင်းတွင်(၂၈၀)ဧက၊ စမာစိုက်ပျိုးရေပေး ဝေမြောင်းတွင်(၂၃၃၀)ဧက၊ ပဲတီစိမ်းသီးနှံများကို မင်းရဲစိုက်ပျိုးရေပေးဝေမြောင်းတွင် (၂၃၆) ဧက၊ သင်းတွဲစိုက်ပျိုး ရေပေးဝေမြောင်းတွင် (၃၁၄၁) ဧက၊ ငပြောင်စိုက်ပျိုးရေပေးဝေမြောင်းတွင် (၇၈၀) ဧက၊ ဇီးတောစိုက်ပျိုးရေပေးဝေ မြောင်းတွင်(၁၁၀)ဧက၊ နွားတက်စိုက်ပျိုးရေပေးဝေမြောင်းတွင် (၃၈၂၇) ဧက၊ တမုတ်စိုက်ပျိုးရေပေးဝေမြောင်းတွင်(၈၁၄)ဧက၊ ထုံးကြီးစိုက်ပျိုးရေပေးဝေမြောင်းတွင် (၃၃၄) ဧက၊ စမာစိုက်ပျိုးရေပေးဝေမြောင်းတွင် (၇၆၅)ဧက စုစုပေါင်း(၁၀,၀၀၇)ဧက၊ ဝါသီးနှံများကို သင်းဒီးစိုက်ပျိုးရေပေးဝေမြောင်းတွင် (၈၃)ဧက၊ စက်ရေတွင်းဖြင့်(၂)ဧက စုစုပေါင်း(၈၅)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)