မိုးကုတ်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်အား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနားပြုလုပ်

မိုးကုတ် ဖေဖော်ဝါရီ  ၂၉

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီးဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်အား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မိုးကုတ်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မူးကျော်သူရွှေက ပြည်သူ့စစ်မှုထမ်းအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မိုးကုတ်မြို့နယ် ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးထွန်းလင်းတင့်က ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာများအား ရှင်းလင်းပြောကြားရာ အခမ်းအနားသို့ တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းကာ ဒုတိယမြို့နယ်ဥပဒေအရာရှိက မေးမြန်းမှုများအပေါ် ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား (၉၅)ဦး တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာသူများအား ပြန်/ဆက်ဦးစီးဌာနမှထုတ်ဝေသည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ကြည်ကြည်နွဲ့ (ပြန်/ဆက်)