ကြံခင်း မတ် ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်းကို ယမန်နေ့နေ့လည်ပိုင်းက ကြံခင်းမြို့ဧရာဦးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ခြင်းသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တတိယသုံးလပတ်ဖြစ်သော (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လများအတွက်ဖြစ်ရာ အသက် (၈၅) နှစ်နှင့် အထက်သက်ကြီး ဘိုး/ဘွားများအား တစ်လလျှင် ငွေကျပ် (၁၀၀၀ဝိ/) နှုန်းဖြင့် သုံးလစာ (၃၀၀၀ဝိ/) နှုန်းထောက်ပံ့ငွေများပေးမှာဖြစ်ပြီး ကြံခင်းမြို့နယ်ကျေးရွာအုပ်စု (၃၅) စု ရှိအသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွား (၇၈၃)ဦးအတွက် ငွေကျပ်သိန်း (၂၃၄၉၀၀၀ဝိ/) အားလည်းကောင်း၊ (MCCT) ထောက်ပံ့ခြင်း ၂၀၂၃-၂၀၂၄ ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) လ၏ ဒုတိယအသုတ်အတွက် ကိုယ်ဝန်ဆောင်မိခင် (၉၁) ဦးနှင့် ၎င်းတို့မှမွေးဖွားသော အသက် (၂) နှစ်အောက် ကလေး (၉၅) ဦးစုစုပေါင်း (၁၈၆) ဦးအတွက် ထောက်ပံ့ငွေ (၇၁၄၀၀၀ဝိ/) ကိုသက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှုးနှင့် စာရေးများထံသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှုးဒေါ်သဉ္ဇာဝင်းနှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ပေးအပ်ပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းတန်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှုးဒေါ်သဉ္ဇာဝင်းနှင့်တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်စာရေးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)