ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဆေးပစ္စည်းနှင့်ဆေးဝါးမျိုးစုံအရောင်းဆိုင်များအား ဆေးဝါးပြတ်တောက်မှုမရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်ရေး လိုက်လံစစ်ဆေး

ပုဗ္ဗသီရိ မတ် ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ဆေးဝါးပြတ်တောက်မှုမရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်ရေးတို့အတွက် လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ထုံးဖိုနယ်မြေရဲစခန်း၊ ကျည်တောင်ကန်နယ်မြေရဲစခန်း၊ မြို့နယ်စည်ပင်၊ ကျန်းမာရေးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဆေးပစ္စည်းနှင့်ဆေးဝါးမျိုးစုံအရောင်းဆိုင်များ၌ ရောင်းချသောဆေးပစ္စည်းများ သတ်မှတ်ထားသောဈေးနှုန်းများအတိုင်းရောင်းချခြင်းရှိ/မရှိနှင့် ဆေးဝါးပြတ်တောက်မှုမရှိစေရေး လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်၊

သန်းသန်းနွယ်(ပုဗ္ဗ)