ကြည့်မြင်တိုင် မတ် ၁
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ယာယီနေရပ်စွန့်ခွာသူ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးညီညီက ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ယာယီနေရပ်စွန့်ခွာသူ ကျောင်းသား၊ ကျောင်းသူ ၁၅ ဦးအား ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခိုင်ဇာလင်း(ပြန်/ဆက်)