Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဒိုက်ဦးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းကျင်းပ
Sep 14,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌ လူငယ်များအသိပညာ ပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် မားမားမတ်မတ်ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က အခြေခံပညာအထက် တန်းကျောင်း (အ.ထ.က-၂၊ ကျိုက်စကော) ၌ လူငယ်စကားဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဦးမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲပြုလုပ်
Sep 14,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် (၉)နာရီအချိန်က အေးရိပ်မွန်(၂) အမျိုးသမီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူနည်းပညာ ဆွေးနွေးပွဲနှင့် ကျေးရွာ(၄)ရွာမှ တောင်သူ (၅၇)ဦးထံသို့ ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာဖြင့် ရော…
Sep 14,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူနည်းပညာဆွေးနွေးပွဲနှင့် ကျေးရွာ(၄)ရွာမှ တောင်သူ(၅၇)ထံသို့ ယူရီးယား ဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဦးမြို့နယ်၌ အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံပေးသွားမည်
Sep 14,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၌ အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၂ ရက်နေ့ မနက် ၁၀ နာရီအချိန်က ချောင်းဦးမြို့ မြို့နယ်ကျန်းမာရေး ဦးစီးဌာနတွင် ပြုလုပ်သည့် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံခြင်း မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်" အောင်မြင်မှုအတွေးစကား” စာအုပ် စာဖတ်ဝိုင်းပြုလုပ်
Sep 14,2023
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် Book Club အဖွဲ့နှင့် Women Clubအဖွဲ့တို့ ပူးပေါင်း၍ စာပေချစ်သူများ၊ စာဖတ်ပရိသတ်များ၊ ကျောင်းသားလူငယ်များ၊ စာပေကို ပိုမိုချစ်မြတ်နိုးတတ်စေရန်နှင့် စာပေမှအသိပညာဗဟုသုတ ပိုမိုရရှိစေရန်ရည်ရွယ်၍ စာရေးဆရာအကြီးကိုကို (ကသာ) ရေးသားသည့် "အောင်မြင်မှုအတွေးစကား” စာအုပ်အား လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်၊၊
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဆီများရောင်းချပေး
Sep 14,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် မြန်မာနိုင်ငံဆီလုပ်ငန်ရှင်များနှင့် တောင်တွင်းကြီး မြို့နယ် ဆီလုပ်ငန်းရှင်များ၏ ပူးပေါင်းစီစဉ်မှုဖြင့် မြို့ပေါ်(၉)ရပ်ကွက်ရှိ ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် စာအုန်းဆီများကို ယနေ့နံနက်ပိုင်းက ရောင်းချပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နာဂဒေသ၊ ပန်ဆောင်မြို့ နာယန်းကျေးရွာအ ထ က(ခွဲ) ၌ လူငယ်စကားဝိုင်းကျင်းပ
Sep 14,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့အခြေခံပညာ အထက်တန်း ကျောင်းခွဲ၌ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီက မြို့ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်း လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲအခမ်းအနားကျင်းပ
Sep 14,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်း လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီက အမှတ်(၆)ရပ်ကွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9469
Page
9470
Page
9471
Page
9472
Current page
9473
Page
9474
Page
9475
Page
9476
Page
9477
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department