တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

 

တောင်သာ မတ် 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်(၉) နာရီခွဲ အချိန်က စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club)နှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ စာဖတ်ဝိုင်းတွင် စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club) အဖွဲ့ဝင်များမှ စာရေးဆရာ ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ရေးသားသော  အလုပ်ဆိုတာ အင်းအားပါ  စာအုပ်မှ အလုပ်ဆိုတာ မိမိကိုယ်ကို တည်ဆောက်ဖို့အတွက် မိမိဘဝကို ခိုင်ခံ့စွာတည်ဆောက်ဖို့အတွက် အလိုအပ်ဆုံးအင်အား ဖြစ်ပါတယ်။ အလုပ်တွင်အောင်လုပ်ချင်လျှင် စိတ်ကိုအေးအေးထားနိုင်ပါစေ၊ အလုပ်လုပ်တဲ့နေရာမှာ တော်ရုံ တတ်ရုံနဲ့ မလုံလောက်ပါဘူး၊ အလုပ်အောင်မြင်ချင်ရင် ဆွဲအားရော တွန်းအားပါသုံးသင့်ပါတယ်၊ အလုပ်လုပ်သည့် နေရာတိုင်းတွင် လျော့ရဲသည့်အကျင့် မကျင့်မိပါစေနှင့် အလုပ်လုပ်တဲ့နေရာမှာ စေတနာပါပါစေ စသည်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)