မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာစီစာကုံးပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲများ ကျင်းပ

မန္တလေး မတ် ၅

နွေကျောင်းပိတ်ရက်တွင် ကျောင်းသား၊ကျောင်းသူများ စာကြည့်တိုက်သို့လာရောက်၍ မိမိနှစ်သက်ရာ စာပေဖတ်ရှုခြင်း၊ ပန်းချီရေးဆွဲခြင်း၊ ကိုယ်လက်ကြံခိုင်စေရန် အားကစားလှုပ်ရှားမှု ဆောင်ရွက်ခြင်း၊ ဉာဏ်ရည်ရွှင်လမ်းစေရန် ဂိမ်းကစားခြင်း အစရှိသည်တို့ပြုလုပ်နိုင်ရန်အတွက် မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာစီစာကုံးပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ပေးကြောင်း သိရသည်။

ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ကျောင်းသား၊ကျောင်းသူများ နွေကျောင်းပိတ်ရက်များတွင် အားလပ်ချိန်များကို စနစ်တကျအသုံးပြုနိုင်စေရန်အတွက် ပြိုင်ပွဲများကို ကျင်းပပေးခြင်းဖြစ် ကြောင်း၊ အပတ်စဉ်ပြိုင်ပွဲများ စဉ်ဆက်မပြတ်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲများကို မကျင်းပမီ သင်တန်းများဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးသည်များရှိပါကြောင်း၊ စိတ်ကြိုက် ပန်းချီအတွက် အခြေခံပန်းချီရေးဆွဲနည်းနှင့် စာစီစာကုံးအတွက် ပါဝင်ရေးသားရမည့်အချက်များ ရှင်းလင်းဆွေးနွေးပြီးဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။ အဆိုပါ ပြိုင်ပွဲများသို့ ကျောင်းသား၊ကျောင်းသူ(၁၅)ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)