အမြို့မြို့အနယ်နယ်သတင်းများ

Mar 05,2024
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် ယမန်နေ့က မြို့ပေါ်ရပ်ကွက်များနှင့် ပင်လောင်းကြီးကျေးရွာအုပ်စုအတွင်းရှိ မွေးစမှ အသက်(၁)နှစ်ခွဲအောက် ကလေးသူငယ်များနှင့် ကိုယ်ဝန်​ဆောင်မိခင်များက ယနေ့နံနက်ပိုင်းက ယာယီနေရပ်စွန့်ပြည်သူများ၏ မွေးစမှ အသက်(၁)နှစ်ခွဲအောက် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများကို  ဆောင်ရွက်ပေးခဲ့သည်။
Mar 05,2024
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ မြို့မဈေးတွင် ပူပြင်းခြောက်သွေ့သည့် နွေရာသီသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Mar 05,2024
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် ဦးစီးမှူးရုံးမှ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူနိုင်ရန်အတွက် ရပ်ကွက်/ကျေးရွာများတွင် Census Unit ရေးဆွဲခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ အဆောက်အဦး ၅၁၁၈ လုံးကို ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
Mar 05,2024
နေပြည်တော်ကုသရေးဦးစီးဌာန ဆေးနှင့် ဆေးပစ္စည်းဝယ်ယူရေးလုပ်ငန်းဆိုင်ရာအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည်။
Mar 05,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်နေ့မှ ၁၉ ရက်နေ့ထိ ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ကျောင်းသားကျောင်းသူ (၂၁၀) ဦး ဖြေဆိုခွင့် လျှောက်လွှာများ တင်သွင်းထားကြောင်းသိရသည်။
Mar 05,2024
ပဲခူးတိုင်း​ဒေသကြီး၊ နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်တောင်သူများအား ထောက်ပံ့ငွေများ ထုတ်ချေးပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် (၁၁) နာရီက တောင်သူများ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့သည်။
Mar 05,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများက ယန်းခကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ အသိပညာပေးဟောပြောပွဲကို၌ ယမန်နေ့ နံနက်(၉) နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
Mar 05,2024
ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ၃၀×၆၀ လမ်းထောင့်ရှိ အမှတ် ၅ အခြေခံပညာအထက်တန်းကျောင်း၊ ပညာမြင့်မိုရ်ခန်းမတွင် အခြေခံပညာမူလတန်းဆင့်သင်(လုပ်ငန်းခွင်ဝင်စ) ဆရာ၊ ဆရာမများစွမ်းရည်မြင့်မားရေး (တိုင်းအဆင့်နည်းပြသင်တန်း) ဆင်းပွဲအခမ်းအနားကို မတ်လ ၄ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။