ချမ်းအေးသာစံမြို့နယ်အတွင်း အခြေခံစားသောက်ကုန်များအား သက်သာသော နှုန်းထားများဖြင့် ရောင်းချပေး

ချမ်းအေးသာစံ မတ် ၅

န္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေး တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ယနေ့ နံနက် (၇) နာရီက ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအနောက်ရပ်ကွက်၊ ၂၉× ၃၀ လမ်းကြား၊ သင်္ဂဇာချောင်း အရှေ့ဘက်ပါတ်လမ်းတွင် ပြည်သူများအား အခြေခံ စားသောက်ကုန်များအား သက်သာသော နှုန်းထားများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

 ပြည်သူများအား အခြေခံစားသောက်ကုန်များ သက်သာသော နှုန်းထားဖြင့် ရောင်းချပေးရာသို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ စျေးနှင့်သားသတ်ဌာန၊ ဌာနမှူး ဦးသက်နိုင်နှင့် ဝန်ထမ်းများ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများက စားအုန်းဆီ တစ်ပိဿာလျှင် ၆၂၀၀ ကျပ်နှုန်းဖြင့် ပိဿာ ၅၀၀ ၊ ကြက်ဥ တစ်လုံးလျှင် ၂၂၀ ကျပ်နှုန်းဖြင့် အလုံးရေ ၁၀၈၀ ၊ ဘဲဥ တစ်လုံးလျှင် ၃၁၀ ကျပ်နှုန်းဖြင့် အလုံးရေ ၂၀၀ ၊ ဝက်သား တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်နှုန်းဖြင့် ပိဿာ ၁၀၀ ၊ အမဲသား တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်နှုန်းဖြင့် ၁၅ ပိဿာ၊ တီလားဗီးယား တစ်ပိဿာလျင် ၆၀၀၀ ကျပ်နှုန်းဖြင့် ၁၀ ပိဿာ၊ ငါးမုတ် တစ်ပိဿာလျှင် ၄၅၀၀ ကျပ်နှုန်းဖြင့် ၁၀ ပိဿာ၊ ငါးတန် တစ်ပိဿာလျှင် ၄၅၀၀ ကျပ်နှုန်းဖြင့် ၁၀ ပိဿာ၊  ငါးအုံတုံ တစ်ပိဿာလျှင် ၆၀၀၀ ကျပ်နှုန်းဖြင့် ၁၀ ပိဿာ၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ၆၀၀၀ ကျပ်နှုန်းဖြင့် ၁၀ ပိဿာ၊ ငါးကြင်းဖြူ(မန္တလေး) တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်နှုန်းဖြင့် ၅ ပိဿာ၊  ကြက်သား တစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်နှုန်းဖြင့် ၁၅ ပိဿာ၊ ဘူးသီး တစ်လုံးလျှင် ၄၀၀ ကျပ်နှုန်းဖြင့် အလုံး ၂၀ ၊ ဂေါ်ဖီထုပ်တစ်ထုပ် လျှင် ၆၀၀ ကျပ်နှုန်းဖြင့် ၃၀ ထုပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၅၀၀ ကျပ်ဖြင့် ၂၅ ပိဿာ၊ ပန်းဂေါ်ဖီ တစ်ထုပ်လျှင် ၅၀၀ ကျပ်နှုန်းဖြင့် အထုပ် ၂၀၊ ကြက်သွန်နီ တစ်ပိဿာလျှင် ၂၆၀၀ ကျပ်နှုန်းဖြင့် ပိဿာ ၃၀ ၊  ဆိတ်သား တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်နှုန်းဖြင့် ၁၀ ပိဿာ တို့အား ပြင်ပပေါက်စျေးများထက် အထူးသက်သာသော နှုန်းထားများဖြင့် ရောင်းချပေးခဲ့ကြောင်းခဲ့သည်။

ထွန်းထွန်းနိုင်